Western News
Homeနိုင်ငံရေးဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ နိုဘယ်ဆုရှင် ယူနွတ်စ်ကို ကျောင်းသားများက အဆိုပြု

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ နိုဘယ်ဆုရှင် ယူနွတ်စ်ကို ကျောင်းသားများက အဆိုပြု

(ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်ကလည်း ကြားဖြတ်အစိုးရအဖွဲ့ ဦးဆောင်မည်ဟု အတည်ပြုပြောကြား)

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာ နှုတ်ထွက်ပြီးနောက် စစ်တပ်က ယာယီအစိုးရ (ကြားဖြတ်အစိုးရ) ဖွဲ့မည်ဟု ကြေညာချိန် ဆန္ဒပြကျောင်းသားထုက ၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ် (Yunus) ကို ဦးဆောင်တာဝန်ပေးရန် တောင်းဆိုထားသည်။

ဩဂုတ်လ ၅ ရက် နေ့လယ် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲမှ ယာယီအစိုးရဖွဲ့မည်ဟု ကြေညာခဲ့ပြီး ညနေပိုင်းတွင် ဆန္ဒပြကျောင်းသားထု ခေါင်းဆောင်များက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်စ်ကို အဆိုပြုခဲ့ကြသည်။

ဆန္ဒပြကျောင်းသားထု ခေါင်းဆောင်များနှင့် ဒေါက်တာ မိုဟာမက် ယူနွတ်စ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအား စစ်တပ်က ဦးဆောင်ခြင်းကိုလည်း မလိုလားကြောင်း သိရသည်။

“ကြားဖြတ်အစိုးရသစ်ကို စစ်တပ်က ဦးဆောင်တာကို လက်ခံမှာမဟုတ်သလို စစ်တပ်က ထောက်ခံသူဦးဆောင်တာကိုလည်း လက်ခံမှာမဟုတ်ဘူး” ဟု ကျောင်းသားများက ပြောဆိုထားကြသည်။

၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်ကလည်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်တာဝန်ယူမည်ဟု ခိုင်လုံသော သတင်းရင်းမြစ်က The Daily Star ကို အတည်ပြုထားကြောင်း The Daily Star က ဖော်ပြထားသည်။

“ကျောင်းသားတွေကိုယ်စား ကျနော့်ကို ဆက်သွယ်လာတဲ့အခါ ပထမတော့ သဘောမတူဘူး။ အလုပ်တွေ အများကြီး ပြီးအောင်လုပ်ဖို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျောင်းသားတွေက ကျနော့်ကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့တယ်” ဟု Yunus ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းရင်းမြစ်က ဆိုသည်။

နိုင်ငံကို မှန်ကန်သည့်နည်းလမ်းဖြင့် လည်ပတ်ရန် အခွင့်အရေး ရနေပြီဖြစ်၍ ယူနွတ်စ်က တာဝန်ယူမှသာလျှင် ဖြစ်နိုင်မည်ဟု ကျောင်းသားတစ်ဦးက စောဒက တက်ထားသည်။

“ဒီလှုပ်ရှားမှုမှာ လူတော်တော်များများ အသက်ဆုံးရှုံးပြီး ကျောင်းသားတွေနဲ့ သာမန်ပြည်သူတွေလည်း အသတ်ခံခဲ့ရပါတယ်။ အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မှန်ကန်တဲ့ နည်းလမ်းနဲ့ လည်ပတ်ဖို့ အခွင့်အရေး ရလာပါပြီ။ ယူနွတ်စ်က တာဝန် ယူမှသာလျှင် ဖြစ်နိုင်မယ်။ တာဝန်ရှိတယ်။ ” ဟု ပြောသည်။

ကျောင်းသားများက တိုင်းပြည်အတွက် အနစ်နာခံထားသည့်အတွက် ၎င်းတွင်လည်း တာဝန်ရှိသည်ဟု ကျောင်းသားများအား ဒေါက်တာ မိုဟာမက် ယူနွတ်စ်က တုန့်ပြန်ပြောဆိုထားသည်။

” ဒီကျောင်းသားတွေ ဆန္ဒပြတာ အရမ်းများတယ်လို့လည်း ကျွန်တော် ယူဆပါတယ်၊ သူတို့အတွက် အများကြီး ပေးရမှာပေါ့၊ တကယ်လို့ ကျောင်းသားတွေ အများကြီး အနစ်နာခံနိုင်ရင် တိုင်းပြည်က အများကြီး စတေးနိုင်ရင် ငါ့မှာလည်း တာဝန်ရှိတယ်။ ပြီးတော့ ကျောင်းသားတွေကို တာဝန် ယူနိုင်မယ်လို့ ပြောခဲ့တယ်” ဟု Yunus က ကတိပေးထားသည်။

ယူနွတ်စ်သည် အိုလံပစ်ကော်မတီ၏ ဖိတ်ကြားချက်အရ အထူးဧည့်သည်တော်အဖြစ် ပါရီသို့ ရောက်ရှိနေပြီး ဆေးကုသမှုခံယူရန် နိုင်ငံရပ်ခြားမှာပဲ ရှိနေသေး၍ ဒေါက်တာ ယူနွတ်တစ် (Yunus) ဘင်္ဂလားဒေ့ရှ်သို့ အမြန်ဆုံးပြန်လာရန် မျှော်လင့်ထားနေကြသည်။

ဒေါက်တာ မိုဟာမက် ယူနွတ်စ် သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ဦးဖြစ်သလို စီးပွားရေးပညာရှင်လည်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာ သည် ကျောင်းသားများနှင့် ပြည်သူများ၏ ဆန္ဒပြမှုကို မခံနိုင်၍ ရာထူးမှနှုတ်ထွက်ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ် စစ်တပ်ကစီစဉ်ပေးခဲ့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular