Western News
Homeနိုင်ငံရေးMove Forward ပါတီ ဖျက်သိမ်းခံရ၊ ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးဆောင်ရွက်ခွင့် ၁၀ နှစ်ပိတ်ပင်

Move Forward ပါတီ ဖျက်သိမ်းခံရ၊ ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးဆောင်ရွက်ခွင့် ၁၀ နှစ်ပိတ်ပင်

ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိထားသော Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးတွင် ၁၀ နှစ်တာ ပါဝင်ဆောင်ရွက်ခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ယနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ၊ Chaithawat Tulathon အပါအဝင် ပါတီထိပ်တန်းအဖွဲ့ဝင်များကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဘုရင်နှင့် မိသားစုကို ကာကွယ်ထားသော တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု Move Forward ပါတီက ပြောဆိုမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုသို့ အရေးယူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Move Forward ပါတီသည် ပြီးခဲ့သောနှစ် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် ပြည်သူ ၁၄ သန်း၏ မဲပေးထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်ရန် လွှတ်တော်အမတ်နေရာ အရေအတွက်လုံလုံလောက်လောက် မရရှိခဲ့သဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးစားခဲ့သည်။

ညွန့်ပေါင်းအစိုးရတွင်လည်း ပါတီခေါင်းဆောင် ပီထာက ထိုင်းဝန်ကြီးချုပ်ဖြစ်ရန်အထိ ကြိုးစားခဲ့သော်လည်း အထက်လွှတ်တော်အမတ်များ၏ မဲအရေအတွက် လုံလုံလောက်လောက်မရသဖြင့် ဝန်ကြီးချုပ် ဖြစ်ခွင့်မရခဲ့ပေ။

Move Forward ပါတီ ဖျက်သိမ်းခံလိုက်ရပြီးနောက် ၂၀၀၇ ခုနှစ်မှ စ၍ ထိုင်းနိုင်ငံတွင် ဖျက်သိမ်းခံရသောပါတီ ၇ ပါတီအထိ ရှိလာပြီဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular