Western News
Homeစစ်ရေးရှမ်းမြောက်က တရုတ်နိုင်ငံသား အမြန်ဆုံး ထွက်ခွာရန် တရုတ်အစိုးရ သတိပေး

ရှမ်းမြောက်က တရုတ်နိုင်ငံသား အမြန်ဆုံး ထွက်ခွာရန် တရုတ်အစိုးရ သတိပေး

လားရှိုးမြို့နှင့် ရှမ်းပြည်မြောက်ပိုင်းက တရုတ်နိုင်ငံသားများအနေဖြင့် အမြန်ဆုံး ပြောင်းရွှေ့ ထွက်ခွာကြရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယမန်နေ့တွင် WeChat ကတစ်ဆင့် သတိပေး ကြေညာထားကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေမှာ တင်းမာလျက်ရှိနေ၍ တရုတ်နိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံး သို့ သတင်းပေးပို့ကြရန် တိုက်တွန်းထားသည်။

“စိုးရိမ်ရသည့် လုံခြုံရေး အခြေအနေများကြောင့် ဖြစ်နိုင်လျှင် တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာကြရန်” တရုတ်သံရုံးက ပြင်းပြင်းထန်ထန် သတိပေးထားသည်။

လုံခြုံရေး အထူးသတိထားပြီး အန္တရာယ်များကို ရှောင်ရှားကာ ပဋိပက္ခဇုန်များနှင့် ဝေးကွာသော သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် ဖော်ပြထားသည်။

တရုတ်နိုင်ငံသားများ အ‌ရေးပေါ်အခြေအနေ ကြုံလာရပါက မြန်မာတရုတ်သံရုံးနှင့် မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း ကြေညာချက်က ဆိုသည်။

လတ်တလောတွင် စစ်ကောင်စီနှင့် စစ်တပ်လိုလားသူများက ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများတွင် တရုတ်နိုင်ငံက နောက်ကွယ်မှ ပါဝင်သည်ဟုဆိုကာ တရုတ်နိုင်ငံကို ဦးတည်သော တိုက်ခိုက်မှုများ၊ ဆန္ဒပြမှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းက တရုတ်စီးပွားရေးအပါအဝင် နိုင်ငံခြားရင်းနှီးရင်းမြှုပ်နှံမှု စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၊ ဒေသခံပြည်သူလူထုများကို ထိခိုက်နစ်နာမှုများမရှိစေရန် ကိုးကန့်တပ် MNDAA က ၎င်းတို့ တပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular