Western News
Homeစစ်ရေးစစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ

စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ

ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။

အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။

“ကိုယ့်မိသားစုဝင်ကို ဆေးနဲ့ လိုတာလေးတွေ ပေးချင်ရင် အရင်လို ဒီအတိုင်း ပေးထားခဲ့လို့ မရတော့ဘူး။ ပေးမယ့် ပစ္စည်းတွေကို ဂိတ်မှာ ပိုက်ဆံပေးပြီးထားခဲ့ရတယ်။ သူတို့က ပိုက်ဆံမပေးရင်လက်မခံဘူး။ မပို့ပေးဘူး” ဟု ပြောသည်။

ထောင်ဂိတ်စောင့်အား ပေးရသည့် ငွေကြေးမှာ ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိဖြစ်ပြီး ထောင်ဝင်စာတွေ့သူတိုင်း၊ အကြိမ်တိုင်း ပေးနေကြရသည်ဟု သိရသည်။

ထောင်ဝင်စာ လာတွေ့သူများကို ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ လာလ်ပေးလာလ်ယူပြုလုပ်နေခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

“ဒါက ပုံမှန်မဟုတ်ဘူး။ ပုံမှန်ဆို ထောင်ဝင်စာသွားတွေ့ရင် ဂိတ်က ထောင်ဝင်စာ လာတွေ့သူရဲ့အမည်၊ မိဖအမည်တွေ မေးတယ်။ ပြီးတော့ ပို့ပေးချင်တဲ့ ပစ္စည်းတွေ ဂိတ်က ယူထားလိုက်ပြီး အထဲကို ပို့ပေးတယ်လေ။ အခုက အဲ့လိုမျိုးမဟုတ်ဘဲ ပို့ပေးခအနေနဲ့ ပိုက်ဆံယူနေတယ်ဆိုတော့ လာလ်ပေးလာလ်ယူ သဘောမျိုးပဲ” ဟု ပြောသည်။

စစ်တွေအကျဥ်းထောင်တွင် ထောင်ဝင်စာတွေ့သူများ ငွေပေးနေရသည့်အပြင် အကျဉ်းသားများမှာ ထမင်းဝယ်ယူစားသောက်နေရသည်ဟု စစ်တွေအကျဉ်းထောင်နှင့်နီးစပ်သူများက ပြောဆိုကြသည်။

ဆက်လက်ပြီး စစ်တွေမြို့တွင် မြို့ခံမဟုတ်သည့် ဒေသခံပြည်သူများ ယခုလအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရပြီး စစ်တွေအကျဉ်းထောင်တွင် အဆောင်မလုံလောက်၍ အဆောင်ဟောင်းများ၌ နေထိုင်ရကြောင်း စုံစမ်းသိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular