Western News
Homeစစ်ရေးသံတွဲအကျဉ်းထောင်က စစ်ကောင်စီ ဖမ်းထားသော အကျဉ်းသား ၃၇၂ ဦးကို AA က ကယ်ထုတ်

သံတွဲအကျဉ်းထောင်က စစ်ကောင်စီ ဖမ်းထားသော အကျဉ်းသား ၃၇၂ ဦးကို AA က ကယ်ထုတ်

အာဏာသိမ်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးထားသော အကျဉ်းသား ၃၇၂ ဦးကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

အကျဉ်းသားများထဲတွင် ရာဇဝတ်မှုကျူးလွန်ထားသူများပါသလို စစ်ကောင်စီက မတရား ဖမ်းဆီးချုပ်နှောင် ထောင်ချထားသော နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ပြီး ၎င်းတို့ကို မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA က ပြောသည်။

သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃) ဦးပါဝင်ပြီး ထိုအထဲမှ (၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရသည်။

ကျန်နိုင်ငံရေးအကျဉ်းသား (၄၁) ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု ဆိုသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular