Western News
Homeနိုင်ငံရေးငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ် အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆို

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ် အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်ရန် အကြီးအကဲအဖြစ် တာဝန်ယူသည့် ၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဩဂုတ်လ ၈ ရက် မြို့တော် ဒါကာမှာ ပြုလုပ်ခဲ့သည်။

ကြားဖြတ်အစိုးရအဖွဲ့မှာ ယူနွတ်စ်အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များပါဝင်ပြီး ထင်ရှားသည့် စာရေးဆရာများလည်းပါဝင်ကြောင်း သိရသည်။

ကြားဖြတ်အစိုးရအဖွဲ့ဝင် ပါဝင်သူများကို ဝန်ကြီးအဖြစ် သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ အကြံပေးအဖြစ် သတ်မှတ်ကာ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအခြေအနေများနှင့် အနာဂတ်ကောင်းစားရေးအတွက် ဆောင်ရွက်သွားမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

စစ်ပြန်မိသားစုဝင်များကို အစိုးရရာထူးနေရာ ဦးစားပေးခန့်အပ်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာကို တက္ကသိုလ်ကျောင်းသားထုက ဆန္ဒပြရာကနေ ပြည်သူအားလုံးပါဝင်ခဲ့ကြသည်။

ထိုဆန္ဒပြပွဲမှာ ရက်သတ္တပတ်အတွင်း သွေးချောင်းစီးခဲ့ရပြီး လူ ၃၀၀ ကျော်သေဆုံးခဲ့ရကာ ဆန္ဒပြအုပ်စု ဝန်ကြီးချုပ်နေအိမ်သို့ ထိုးဖောက်ဝင်ရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ရှိက်ဟာဆီနာ အိန္ဒယသို့ ထွက်ပြေးသွားခဲ့ရသည်။

ဝန်ကြီးချုပ်ထွက်ပြေးချိန် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဝင်ထိန်းပြီး ကြားဖြတ်အစိုးရဖွဲ့မည်ဟု ကြေညာပြီးနောက် ကျောင်းသားများ၏ဆန္ဒအရ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်စ်ကို ဦးဆောင်ရန် တာဝန်ပေးအပ်ခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular