Western News
Homeစစ်ရေးစစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်

စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ ပစ်ထားခဲ့သော သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင် ဆေးကုသပေးထားကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာ ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာအောက်တွင် ပုန်းအောင်းကာ ရှင်သန်နေသေးပြီး ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း MNDAA က ဆိုသည်။

ယင်းနောက် MNDAA တပ်ဖွဲ့က ဒဏ်ရာရရှိသူများကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ဒဏ်ရာများအား ဆေးကုသမှုပေးရန် ဘန်ကာအောက်က သယ်ယူကယ်ထုတ်ပြီး နောက်တန်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

နိုင်ငံတကာဥပဒေများအရ စစ်ပွဲအတွင်း နှစ်ဖက်စလုံးသည် ဖျားနာ ဒဏ်ရာရသူများ၊ စစ်သုံ့ပန်းများနှင့် အရပ်သားများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှုနှင့် အကာအကွယ်ပေးရန် တာဝန်ရှိပြီး အခြေခံလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို အကာအကွယ်ပေးရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း MNDAA က ပြောသည်။

MNDAA အနေဖြင့် လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကို အမြဲလက်ကိုင်ထားပြီး တိုက်ပွဲအတွင်း အရပ်သားများနှင့် စစ်သုံ့ပန်းများအတွက် သက်ဆိုင်ရာဦးစားပေးဆက်ဆံမှု မူဝါဒများချမှတ်ကာ စစ်သုံ့ပန်းများကို အကာအကွယ်ပေးလျက်ရှိကြောင်း သိရသည်။

သို့ရာတွင် စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း ဒဏ်ရာရတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အကာအကွယ် မပေးနိုင်ရုံသာမကဘဲ ယုတ်မာသော လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် နိုင်ငံ၏စစ်အင်အားကို အားကိုးအားထားလျက်၊ စစ်မဟုတ်သောနယ်မြေများနှင့် စစ်ရေးမဟုတ်သော ပစ်မှတ်များကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း၊ မရေမတွက်နိုင်သော အရပ်သားများ အသက်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular