Western News
Homeသတင်းဘရာဇီးနိုင်ငံမှာ လေယာဉ်ပျက်ကျ ခရီးသည်အပါအဝင် ၆၂ ဦးသေဆုံး

ဘရာဇီးနိုင်ငံမှာ လေယာဉ်ပျက်ကျ ခရီးသည်အပါအဝင် ၆၂ ဦးသေဆုံး

ဘရာဇီးနိုင်ငံ ဆောလ်ပေါ်လိုမြို့အပြင်ဘက်တွင် ခရီးသည်တင်လေယာဉ်တစ်စီး ယမန်နေ့ ဩဂုတ်လ ၉ ရက် မွန်လွဲပိုင်းတွင် ပျက်ကျ၍ ခရီးသည် ၅၈ ဦးနှင့် လေယာဉ်ဝန်ထမ်း ၄ ဦး စုစုပေါင်း ၆၂ ဦး သေဆုံးသွားကြောင်း Voepass Linhas Aéreas လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

ဒေသစံတော်ချိန် ၁ နာရီ ၂၂ မိနစ်တွင် ပျက်ကျသွားသည့် လေယာဉ်မှာ ATR 72-500 လေယာဉ်အမျိုးအစား ဖြစ်ပြီး Voepass Linhas Aéreas လေကြောင်းလိုင်းက ပိုင်ဆိုင်ကြောင်း သိရသည်။

” ပျက်ကျမှုမှာ မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်းမရှိပေ။ မြေပြင်ကသူတွေလည်း ထိခိုက်သူ မရှိခဲ့ပေ။ ” မြို့တော်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နေသည့် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဗီဒီယိုဖိုင်သည် လေယာဉ်ပြုတ်ကျပြီး လေယာဉ်ကိုယ်ထည် မြေပြင်၌ မီးတောက်များဖြင့် လောင်ကျွမ်းပျက်စီးသွားခြင်းကို ပြသနေသည်။

Flight Radar ဝဘ်ဆိုဒ်၏ အချက်အလက်အရ ပေပေါင်း ၁၇၀၀၀ အမြင့်ပေကနေ ပျံသန်းနေရာကနေ ပေ ၄၀၀၀ ကို ၂ မိနစ်အတွင်း ထိုးဆင်းသွားကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ဘရာဇီးလ်နိုင်ငံ ပါရာနာပြည်နယ်ရှိ Cascavel မှ ထွက်ခွာပြီး ဆောလ်ပေါ်လိုပြည်နယ်ရှိ Guarulhos သို့ ပျံသန်းစဉ် နေ့လည် ၁ နာရီကျော်အချိန်မှာ အချက်ပြပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

၂၉ နှစ်ကြာ သမိုင်းကြောင်းအရ Voepass Linhas Aéreas လေကြောင်းလိုင်းသည် လည်ပတ်မှုသက်တမ်းအကြာဆုံး ဘရာဇီးလေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံရသည့်လိုင်းဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular