Western News
Homeစစ်ရေးလားရှိုးက Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်

လားရှိုးက Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲက စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းနေအိမ်များ၊ စစ်အရာရှိနှင့် စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များအားလုံးကို ချိတ်ပိတ်ထားပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုမည်ဟု သိရသည်။

MNDAA သတင်းရင်းမြစ်တစ်ဦးက “အခုဆိုရင် စာရင်းအရ သိရတဲ့ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေရဲ့ အိမ်တွေ၊ စစ်တပ်က လူတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကို အတည်ပြု စုံစမ်းစစ်ဆေးပြီး နေအိမ်ချိတ်ပိတ်တာတွေ စလုပ်နေပြီ။ အဲဒီ ချိတ်ပိတ်ထားတဲ့ အိမ်တွေကလည်း နောက်ကျရင် ပြည်သူအကျိုးပြုအတွက် ပြန်သုံးဖို့ အစီအစဉ်ရှိပါတယ်။ အခု ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေလည်း ပီပီပြင်ပြင် ဖွဲ့စည်းပြီးရင် အဲဒီလုပ်ငန်းကို ပိုပြီးတော့ အရှိန်မြှင့်လုပ်နိုင်မှာပါ” ဟု ပြောသည်။

ထို့ပြင် လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံး စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ကြသော CDM ဝန်ထမ်းများအားလုံးကို အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်စေမည်ဖြစ်ပြီး စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

“ဒီအုပ်ချုပ်ရေး ယန္တရားတွေမှာတော့ CDM တွေ၊ တိုင်းရင်းသား၊ ဒေသပြည်သူတွေက ရွေးကောက်တင်မြှောက်သူတွေ အားလုံးပါပါလိမ့်မယ်။ ပြည်သူကို အခြေခံတဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖွဲ့စည်းမှုတွေ ရှိပါလိမ့်မယ်” ဟု ၎င်းက ဆက် ရှင်းပြသည်။

လတ်တလော ရှမ်းမြောက်တွင် MNDAA ၊ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၊ PDF တပ်များက စစ်ကောင်စီတပ်များကို ဆက်လက် ထိုးစစ်ဆင်နေပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထားသော မြို့များကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular