Western News
Homeစစ်ရေးကျိန္တလီမြို့ထဲ စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

ကျိန္တလီမြို့ထဲ စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ထဲ ယနေ့ နံနက် ၆ နာရီကျော်ကစ၍ နေ့လယ် ၁ နာရီကျော်အထိ စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြကြောင်း စစ်ရေးသိသူများက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” မနက် ၆ နာရီကျော်လောက်နေ ဖြစ်နေကြတာ။ မြို့ထဲနေရာအစုံပါပဲ။ ဒီနေ့ နေ့လယ်အထိတော့ လေယာဉ် မရှိဘူး။ မနေ့ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တာရှိတယ်။ ” ဟု ပြောသည်။

စစ်ရှောင်လာသည့် ကျိန္တလီမြို့ခံအချို့ ပြောပြချက်အရ နယ်မြေရဲစခန်းအနီး၊ စည်ပင်ရုံးအနီး၊ လျှပ်စစ်ဖြန့်ဖြူးရေးရုံးအနီး၊ အ.ထ.က ကျောင်းအနီးနှင့် အဝိုင်းပတ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ခံ အများစုမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အနည်းစု ကျန်ရှိနေသေးကြောင်း စစ်ရှောင်လာသူတစ်ဦးက ပြောသည်။

” ကျိန္တလီမြို့ထဲမှာ အရပ်သားတွေ မရှိသလောက်ပါပဲ။ ရာဂဏန်းပြည့်တော့မှာ မဟုတ်ပါဘူး။ အိမ်စောင့်အဖြစ် ကျန်နေခဲ့တဲ့သူတွေ၊ ခြံစောင့်တွေ အဲလောက်ပဲ ကျန်ပါတော့တော့တယ်။ ” ဟု ပြောသည်။

သံတွဲမြို့ကို AA က သိမ်းပြီးနောက် ဂွမြို့ကိုသိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီးတွင် ဩဂုတ်လ ၁၀ ရက်နေ့က စပြီး စစ်ကောင်စီနှင့် AA တို့ စတင်တိုက်ပွဲဖြစ်ပွားကာ ယနေ့ မြို့ထဲ၌ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular