Western News
Homeစစ်ရေးစစ်ကောင်စီ ပစ်ခတ်မှုကြောင့် သီပေါမြို့မှာ ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သီပေါမြို့မှာ ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

သီပေါမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။

သြဂုတ်လ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာနှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခဲ့၍ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့ရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင် ၁ ပါးနှင့် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ဆိုသည်။

သီပေါဒေသခံပြည်သူများမှာလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ) အပါအဝင် မြို့များစွန့်လွှတ်ခဲ့ရသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုအား ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း TNLA ကပြောသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular