Western News
Homeစစ်ရေးစစ်ကောင်စီတပ်သား ၇ ဦး MNDAA ထံ အလင်းဝင်

စစ်ကောင်စီတပ်သား ၇ ဦး MNDAA ထံ အလင်းဝင်

ကိုးကန့်တပ် MNDAA ထံသို့ စစ်ကောင်စီတပ်သား ၇ ဦး လက်နက်ချ အလင်းဝင်လာပြီး MNDAA ကလည်း အဆိုပါ တပ်သားများကို ဆုကြေးငွေများ ချီးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများမှာ ဩဂုတ်လ ၁၃ ရက်နေ့က မိမိဆန္ဒအလျှောက် ကိုးကန့်တပ်ထံ လက်နက်ချအလင်းဝင်ခဲ့ပြီး MNDAA က တစ်ဦးကို ငွေကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ပေးခဲ့သည်။

လက်နက်ချသော စစ်ကောင်စီတပ်သား ၇ ဦးမှာ လားရှိုးတိုက်ပွဲ အစောပိုင်းတွင် လက်နက်ချရန် ကြိုးစားခဲ့သော်လည်း တိုက်ပွဲများပြင်းထန်နေသောကြောင့် ယခုအချိန်မှ လက်နက်ချနိုင်ခဲ့သည်ဟု သိရသည်။

MNDAA က အဆိုပါ လက်နက်ချတပ်သားများကို ဆုကြေးငွေများ ပေးအပ်သည့်အပြင် ကိုးကန့်ဒေသအတွင်း နေထိုင်ခြင်းကိုလည်း ခွင့်ပြုပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်လွှတ်ပေး စစ်သုံ့ပန်းများကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်စုစည်းကာ ရှေ့တန်းစစ်မြေပြင်သို့ ထပ်မံစေလွှတ်နေ၍ MNDAA က အဆိုပါ လက်နက်ချတပ်သား ၇ ဦးကို ကိုးကန့်ဒေသတွင် နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular