Western News
Homeစစ်ရေးရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူများကို AA သတိပေး

ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူများကို AA သတိပေး

ဘူးသီးတောင်၊ မောင်တောဒေသက အခြေအနေများနှင့် ပတ်သက်၍ ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှားများ စွပ်စွဲပြောဆို ရေးသားသူများကို အာရက္ခတပ်တော် AA က သတိပေးနေသည်။

မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့သည် သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်ကို ဆက်တိုက်တွေ့ရှိနေရကြောင်း AA က ဆိုသည်။

လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့က ယင်းကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် ရခိုင်ပြည်အတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း AA က အလေးအနက် သတိပေးနေသည်။

လက်ရှိအချိန်အထိ မောင်တောမြို့တွင်း နေရာအနှံ့တွင် တိုက်ပွဲရှိနေပြီး စစ်ကောင်စီနှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူအချို့မှာလည်း မြို့တွင်း၌ ရှိနေဆဲဖြစ်သည်။

မောင်တောမြို့ထဲက ဒေသခံပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရပြီး လူသားဒိုင်းကာခံနေရသော ပြည်သူ ၂၀,၀၀၀ ခန့်ကို မြို့တွင်းတိုက်ပွဲကြားက ကယ်ထုတ်ထားကြောင်း AA က ပြောသည်။

ကယ်ထုတ်ထားသူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ပြီး မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ်တင်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။

ခေတ်ကာလ အဆက်ဆက်၌ ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိက လက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက်နှင့် မြန်မာ့တပ်မတော် (စစ်ကောင်စီ) ဖြစ်သည်ဟု AA က ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအပါအဝင် လွန်ခဲ့သောလများ၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်ရပ်တိုင်းသည် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတို့နှင့်အတူ ARSA ၊ RSO ၊ ARA ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များဖြစ်သည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular