Western News
Homeကျန်းမာရေးမျောက်ကျောက် ရောဂါရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

မျောက်ကျောက် ရောဂါရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

(WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါဟု သတိပေးထား)

ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် မျောက်ကျောက်ရောဂါ (Monkeypox-Mpox) ရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိကြောင်း ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်က ထိုင်းရောဂါထိန်းချုပ်ရေးဌာန DDC က အတည်ပြုထုတ်ပြန်ထားသည်။

မျောက်ရောဂါ၏ နောက်ဆုံးမျိုးကွဲဖြစ်သည့် Mpox 1b ဗိုင်းရပ်စ်ရှိသူ နိုင်ငံခြားသားတစ်ဦးထံ စတင်တွေ့ရှိကြောင်း ထိုင်း DDC က ဆိုသည်။

Mpox ရှိသူ နိုင်ငံခြားသားမှာ ဩဂုတ်လ ၁၄ ရက်နေ့က အာဖရိကတိုက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသော ဥရောပနိုင်ငံသားဖြစ်ပြီး လူနာအား စမ်းသပ်မှုများဆက်လုပ်နေကာ တွေ့ရှိချက်များကို ချက်ခြင်းသတင်းထုတ်ပြန်သွားမည်ဟု ထိုင်း DDC က ပြောသည်။

မျောက်ကျောက်ရောဂါ Mpox ဗိုင်းရပ်စ်ကို ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ကွန်ဂိုနိုင်ငံသားများထံ ကူးစက်ခဲ့သည့် မှတ်တမ်းရှိခဲ့သော်လည်း သတိမမူခဲ့သည့်အတွက် လက်ရှိမှာ ကမ္ဘာ့အနှံ့ပျံ့နှံ့စေသော ကျောက်ရောဂါဆိုးဖြစ်လာနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မျောက်ကျောက်ရောဂါ Mpox ကို ကမ္ဘာ့ကပ်ရောဂါဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးကြေညာထားသည်။

၂၀၂၂ ခုနှစ်မှာ ဗဟိုအာဖရိကနှင့် အနောက်အာဖရိကနိုင်ငံများအထိ ကူးစက်ပျံ့နှံ့ခဲ့ရာကနေ ကမ္ဘာ့နိုင်ငံအချို့သို့ ကူးစက်ခဲ့၍ ပထမဆုံးအကြိမ် အရေးပေါ်ကပ်ရောဂါအဖြစ် WHO က ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် မေလမှာ ပျံနှံ့မှုနှုန်း သိသာစွာကျဆင်းသွား၍ ကပ်ရောဂါဘေးမဟုတ်တော့ကြောင်း WHO က ပြန်လည်ကြေညာခဲ့သည်။

သို့သော်လည်း လက်ရှိတွင် အာဖရိကနိုင်ငံများတွင် မျောက်ကျောက်ရောဂါ၏ မျိုးခွဲဖြစ်သော Mpox 1b ဗိုင်းရပ်ပြန်လည် ပျံ့နှံ့လာရာ အချိန်တိုအတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် မျိုးကွဲဗိုင်းရပ်စ်သစ်မှာ ကိုဗစ်ထက်ဆိုးသည့် သေဆုံးနှုန်းရှိနေ၍ WHO က ကမ္ဘာ့ကပ်ရောဂါဟု ပြန်လည်သတ်မှတ် ကြေညာထားခြင်းဖြစ်သည်။

မျောက်ကျောက်ရောဂါမှာ အာဆီယံနိုင်ငံများအထိ ရောက်ရှိလာ၍ မြန်မာနိုင်ငံတွင်လည်း မျောက်ကျောက်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် နိုင်ငံအဝင်အထွက်ဖြစ်သည့် လေဆိပ်၊ နယ်စပ်ဂိတ်များနှင့် ကားဂိတ်များတွင် စစ်ဆေးရေးပြုလုပ်ထားကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular