Western News
Homeစစ်ရေးနောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား

နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား

Western News| ဩဂုတ် ၂၁
(သတင်းတို)

ရှမ်းပြည် မြောက်ပိုင်းက နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက အင်အားထပ်ဖြည့်ပြီး တအောင်းတပ် TNLA ကို ပြန်လည်တိုက်ခိုက်နေ၍ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်၂၁ ရက် TNLA ၏ ထုတ်ပြန်ချက်တွင် နံနက် ၉ နာရီ ၅ မိနစ်ကစပြီး စစ်ကောင်စီတပ် ၉၀၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

နောင်ချိုမြို့သည် တအောင်းတပ် TNLA ထိန်းချုပ်ထားသော မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီက ပြန်လည်ရရှိရေး အင်အားအလုံးအရင်း ဖြည့်တင်းကာ လေကြောင်းပစ်ကူပေးခြင်းကိုလည်း ပြုလုပ်နေသည်။

TNLA က အာဏာသိမ်းစစ်ကောင်စီသည် နောင်ချိုမြို့ကို ပြန်ရရှိရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ထားသည်။

ယမန့်နေ့ သြဂုတ်လ (၂၀) ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် သရက်ချိုနှင့် တောင်ခမ်းရွာတွင် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA က ဆိုသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular