Western News
Homeကျန်းမာရေးမျောက်ကျောက်ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများကို ထိုင်းက စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး ရှာဖွေနေ

မျောက်ကျောက်ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများကို ထိုင်းက စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး ရှာဖွေနေ

ထိုင်းနိုင်ငံတွင် ယမန်နေ့ နံနက်က တွေ့ရှိခဲ့သည့် မျောက်ကျောက်ရောဂါရှိသူနှင့် အနီးကပ် ထိတွေ့ခဲ့သူများကို ရောဂါစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စုံစမ်းရှာဖွေကာ အနီးကပ်စောင့်ကြည့်နေကြောင်း ထိုင်းရောဂါကာကွယ်ထိန်းချုပ်ရေး DDC က ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အာဖရိကတိုက်ကနေလာသော ဥရောပနိုင်ငံသား အသက် ၆၆ နှစ်ရှိသူ အမျိုးသားတစ်ဦးထံ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိထားကြောင်း ဩဂုတ်လ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်တွင် ထိုင်း DDC က တရားဝင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူနာ ဥရောပနိုင်ငံသားနှင့် အနီးကပ် ထိတွေ့ခဲ့သူ ခရီးသည် ၄၃ ဦးရှိပြီး ၎င်းတို့ကို ထိုင်းကျန်းမာရေးဌာနက စုံစမ်းရှာဖွေပြီး အနီးကပ်စောင့်ကြည့်ကာ အခြေအနေများကို ချက်ချင်း သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

ဥရောပနိုင်ငံသား လူနာမှာ ဩဂုတ် ၁၄ ရက်နေ့က အာဖရိကမှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ဖျားနာခြင်းနှင့် အနီဖုများပေါက်ခြင်းကို ခံစားရသောကြောင့် ဆေးရုံ၌ သွားရောက်စစ်ဆေးခံရာ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည်ဟု တွေ့ရသည်။

ဓါတ်ခွဲစမ်းသပ်မှုအရ မျောက်ကျောက်ရောဂါ၏ မျိုးကွဲသစ် Clade 2 မဟုတ်ဘဲ Clade 1b ဖြစ်နိုင်သည့် ထိုင်းကျန်းမာရေးအဖွဲ့က သုံးသပ်နေသော်လည်း ဆက်လက် စစ်ဆေးနေကာ မနက်ဖြန် ဩဂုတ်လ ၂၃ ရက်တွင် အဖြေတစ်ခုခု ထုတ်ပြန်သွားမည်ဟု ထိုင်းရောဂါကာကွယ်ထိန်းချုပ်ရေး DDC တာဝန်ရှိသူများက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကဲ့သို့ စိုးရိမ်စရာမလိုသော်လည်း မျောက်ကျောက်ရောဂါနှင့်ပတ်သက်ပြီး အထူးသတိထားရန်နှင့် ကျန်းမာရေးဌာနများမှ ထုတ်ပြန်ထားသော လိုက်နာကျင့်သုံးရမည့် အချက်များကို အလေးထားလိုက်နာကြရန် ထိုင်းပြည်သူများအား သတိပေးနှိုးဆော်ထားသည်။

ထိုင်းနိုင်ငံ၌ ပထမဆုံးတွေ့ရှိသည့် မျောက်ကျောက်ရောဂါပိုး၏ မျိုးကွဲသည် ပိုမိုကူးစက်ပျံ့နှံလွယ်နိုင်ကြောင်း ထိုင်း DDC က အသိပေးထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း မျောက်ကျောက်ရောဂါပိုးသည် နိုင်ငံအများအပြားကို ပျံ့နှံ့ရောက်ရှိနေ၍ အရေးပေါ်အခြေအနေ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားပြီး ကြိုတင်ကာကွယ်မှုများပြုကြရန် အသိပေးတိုက်တွန်းထားသည်။

မျောက်ကျောက်ရောဂါ၏ မျိုးခွဲဖြစ်သော Mpox 1b ဗိုင်းရပ်ပြန်လည် ပျံ့နှံ့လာရာ အချိန်တိုအတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် မျိုးကွဲဗိုင်းရပ်စ်သစ်မှာ ကိုဗစ်ထက်ဆိုးသည့် သေဆုံးနှုန်းရှိနေကြောင်း WHO က ထုတ်ပြန်ထားသည်။

မျောက်ကျောက်ရောဂါမှာ အာဆီယံနိုင်ငံများအထိ ရောက်ရှိလာ၍ မြန်မာနိုင်ငံတွင်လည်း မျောက်ကျောက်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် နိုင်ငံအဝင်အထွက်ဖြစ်သည့် လေဆိပ်၊ နယ်စပ်ဂိတ်များနှင့် ကားဂိတ်များတွင် စစ်ဆေးရေးပြုလုပ်ထားကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular