Western News
Homeကျန်းမာရေးမျောက်ကျောက် ရောဂါနှင့် ပတ်သက်၍ တင်းကျပ်စစ်ဆေး

မျောက်ကျောက် ရောဂါနှင့် ပတ်သက်၍ တင်းကျပ်စစ်ဆေး

(သတင်းတို)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ Mpox (မျောက်ကျောက်) ရောဂါကို နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ်၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။

ထိုကြောင့် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက အခြားသော ဝန်ကြီးဌာနများဖြင့်ပူးပေါင်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)တို့ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို မျောက်ကျောက်ရောဂါ ရှိမရှိ တင်းကျပ်စွာ စစ်ဆေးနေသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်ဝင်ထွက်ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မွေတော်ကျွန်း လူဝင်/လူထွက် စစ်ဆေးရေးကင်းစခန်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တံတားအမှတ် (၁) နယ်စပ်ဝင်ထွက်ဂိတ်တို့တွင်လည်းကောင်း Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening) ကို ပြုလုပ်နေသည်။

ယင်းအပြင် ပြည်ပဆိုက်ရောက်ခရီးသည်များအားလုံး၏ ကျန်းမာရေးကြေညာချက် (Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးခြင်းနှင့် ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသောရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ပြုလုပ်နေကြောင်း သိရသည်။

ကပ်လျှပ်အိမ်းနီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အာဖရိကတိုက်မှ ပြန်လာ‌သော ဥရောပနိုင်ငံသားတစ်ဦးထံ မျောက်ကျောက်ရောဂါ၏ မျိုးကွဲသစ် ရောဂါပိုး တွေ့ရှိထားသည့်အတွက် မြန်မာနိုင်ငံသည် ကူးစက်ရန်လွယ်ကူနေ၍ ပြည်သူများပိုမိုအလေးထားဂရုစိုက်ကြရန် လိုအပ်နေသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular