Western News
Homeစစ်ရေးမောင်တော မြို့သိမ်းတိုက်ပွဲမှ ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး အလင်းဝင်၊ ၃၆ ဦးကို အရှင်ဖမ်းမိ

မောင်တော မြို့သိမ်းတိုက်ပွဲမှ ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး အလင်းဝင်၊ ၃၆ ဦးကို အရှင်ဖမ်းမိ

(သတင်းတို)

ရခိုင်ပြည် မောင်တောမြို့နှင့် ဂွမြို့နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ကြိုးပမ်းလျှက်ရှိပြီး လက်ရှိတွင်လည်း တိုက်ပွဲက ပြင်းထန်လျှက်ရှိနေသည်။

မောင်တောမြို့သိမ်းတိုက်ပွဲမှ မြို့မဲရစခန်းမှ ရဲ ၈ ဦး လက်နက်ချအလင်းဝင်းပြီး စစ်ကောင်စီတပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ကြောင်း AA က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

အလင်းဝင်သူများ၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

မောင်တောမြို့နှင့် ကျိန္တလီမြို့ကို သိမ်းပိုက်ရရှိရန် နီးကပ်နေပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတော့မည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့နှင့် ကျိန္တလီမြို့ မကျရှုံးစေရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေသော်လည်း AA အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ထားကြောင်းဆိုသည်။

မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ မွတ်ဆလင်နက်ကိုင် ARA, ARSA, RSO များနှင့် စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားသော မွတ်ဆလင်လက်နက်ကိုင်များ အာရက္ခတပ်တော် AA ကို ပူးပေါင်းတိုက်ခိုက်နေပြီး AA ကလည်း ၎င်းတို့ကို ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular