Western News
Homeသတင်းတောင်ကုတ်မြို့ခံများ G1 ထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ရ၊ ခရီးသွားလာခွင့်ရ

တောင်ကုတ်မြို့ခံများ G1 ထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ရ၊ ခရီးသွားလာခွင့်ရ

ရခိုင်ပြည် တောင်ကုတ်မြို့ထဲက ဒေသခံပြည်သူများမှာ ပဲခူးတိုင်း ပြည်မြို့ကို သွားမည်ဆိုပါက G1 (စစ်ဦးစီးပထမတန်း) ထောက်ခံစာပါမှ သွားလာ၍ ရကြောင်း မြို့ခံများက ပြောသည်။

ပြည်သို့ ခရီးသွားလိုပါက G1 ထံ ခွင့်ပြုချက်တောင်းရပြီး စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်ထားခဲ့ရကြောင်း တောင်ကုတ်မြို့ခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

” တောင်ကုတ်-ပြည်လမ်းက ခရီးသွားမယ်၊ ဒါမှမဟုတ် ပြည်ကို သွားမယ်ဆိုရင် G1 ထောက်ခံစာယူရတယ်။ ခွင့်ပြုချက်ကျမှ သွားရတာ။ ထောက်ခံစာမရလို့ မသွားရတဲ့သူတွေ တပုံကြီး။ သေချာ စိစစ်တာ။ ဘာသွားလုပ်မှာလဲ၊ ဘယ်မှာနေမှာလဲ၊ ဘာလုပ်ဖို့သွားတာလဲ အစုံကိုမေးမြန်းတာ။ ပြီးတော့ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို ထားခဲ့ရတယ်။ ပြန်လာမှယူပေါ့နော်။ မဟုတ်ရင် သွားခွင့်မပြုဘူး။ ” ဟု ပြောသည်။

G1 သည် စစ်ကောင်စီတပ်ထဲက အရာရှိကြီးတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်ထွေ/အုပ်၊ ခရိုင်ထွေ/အုပ်ရုံးများကို အဓိကကြီးကြပ်ရပြီး အုပ်ချုပ်ရေးအမိန့်အာဏာများကို တိုက်ရိုက်ကိုင်တွယ်ခွင့်ရရှိသူဖြစ်သည်။

တောင်ကုတ်-အမ်းလမ်းကို ဆိုင်ကယ်နှင့် ခြေလျှင်လျှောက်သူများကိုသာ သွားခွင့်ပြုပြီး ဈေးရောင်းဈေးဝယ်ပြုလုပ်သူများမှာ မှတ်ပုံထားခဲ့ရကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

” တောင်ကုတ်-အမ်းလမ်းကတော့ သွားခွင့်ပြုတယ်။ ဒါပေမယ့် အမ်းအဆီပဲနော်။ ဈေးသွားဝယ်တဲ့သူတွေရှိတယ်။ ဆေးခန်းသွားပြတာတွေရှိတယ်။ ဆိုင်ကယ်၊ လူလောက်ပဲ ခွင့်ပြုပေးတယ်။ ကားကြီးတွေ၊ တုတ်တုတ်တွေနဲ့ မရဘူး။ အစစ်အဆေးက အမေးအမြန်း အရမ်းထူတယ်။ ငွေညစ်တာလည်းရှိတယ်။ ဈေးသည်အချို့ဆို တားမြစ်ပစ္စည်း ပါတယ်ဆိုပြီး အကြောင်းပြကာ ငွေညစ်တာတွေလည်းရှိနေတယ်။ ” ဟု ပြောသည်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တာ် AA က ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် AA တို့မှာ စစ်ရေးတင်းမာလျှက်ရှိပြီး တိုက်ပွဲလည်း ပြီးခဲ့သည့်လအနည်းငယ်က ကြိုကြားဖြစ်ပွားခဲ့ကြသည်။

လက်ရှိတွင် တိုက်ပွဲမရှိသော်လည်း အာဏာသိမ်း စစ်ကောင်စီ လေတပ်သည် တောင်ကုတ်မြို့နယ်က လူနေကျေးရွာများနှင့် တောင်တန်းများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် သေဆုံးသူ တောင်ကုတ်ဒေသခံ ၆ ဦးအထက်မနည်း ရှိနေပြီဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular