Western News
Homeသတင်းရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA အုပ်ချုပ်ရေးစွမ်းရည်ကို ICG ဝေဖန်

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA အုပ်ချုပ်ရေးစွမ်းရည်ကို ICG ဝေဖန်

အာရက္ခတပ်တော် AA သည် ရခိုင်ဒေသမှာ စစ်ရေးလမ်းကြောင်းကို ပြီးမြောက်စေရန် အလားအလာရှိနေသော်လည်း ၎င်း၏ နိုင်ငံရေးပါတီဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA မှာ အုပ်ချုပ်ရေးစွမ်းရည် ညံ့နေသည်ဟု International Crisis Group (ICG) က ဝေဖန်ထားသည်။

AA ၏ အစီရင်ခံစာများအပါအဝင် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ပတ်သက်ပြီး ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ICG ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဝေဖန်ထားခြင်းဖြစ်သည်။

ရခိုင်ဒေသမှာ စစ်ကောင်စီ (မြန်မာစစ်တပ်) ကင်းစင်စေရေးကို AA က အစွမ်းကုန်တိုက်ခိုက် ကြိုးပမ်းနေပြီး ၎င်း၏ပါတီဖြစ်သော ULA မှာ အုပ်ချုပ်မှုကိစ္စရပ်များ လိုအပ်ချက်များရှိနေသည်ကို ICG က ဝေဖန်ထောက်ပြနေခြင်းဖြစ်သည်။

“AA ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ULA ဟာ နယ်မြေစိုးမိုးရေးနဲ့ အုပ်ချုပ်မှုအောက်မှ ဆင်းသက်လာတဲ့ ပြည်သူတွေကို အုပ်ချုပ်ဖို့ အရင်းအမြစ်နဲ့ စွမ်းရည်ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။” ဟု ICG ထုတ်ပြန်ချက်ကဆိုသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ကို ခိုင်မာသောအဖွဲ့ဖြစ်ရန် အချိန်ပေးရမည်ဟုဆိုသော်ငြားလည်း ပြည်သူလူထုအနေဖြင့် ခံနိုင်ရည်အား မည်မျှရှိမည်ကို မသိနိုင်ကြောင်းလည်း ICG က ဝေဖန်ထားသည်။

“လျှပ်စစ်မီးနဲ့ အင်တာနက်မရှိတာ၊ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ဆုံးရှုံးနေတာနဲ့ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ စီးပွားရေးစနစ် အပါအဝင် ခက်ခဲတဲ့ နေထိုင်မှုအခြေအနေတွေကို ဖြေရှင်းဖို့အတွက် အဖွဲ့ကိုခိုင်မာတဲ့ပံ့ပိုးမှုဖြင့် အချိန်ပေးရမယ်ဆိုပေမယ့် ပြည်သူလူထုရဲ့ ခံနိုင်ရည်အား မည်မျှကြာအောင် ဆောင်ရွက်နိုင်မည်ကို မသေချာပါ။” ဟု ဝေဖန်ထောက်ပြထားခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA မှာ မြန်မာစစ်တပ် (စစ်ကောင်စီ) မီးမွှေးထားသော မွတ်ဆလင်များအရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး ယင်းကြားထဲ စစ်ကောင်စီ ကျော့ထောက်နောက်ခံပြုထားသော မွတ်ဆလင်အကြမ်းဖက်အဖွဲ့များ ARSA, ARA, RSO တို့၏ ရန်ပြုမူဆောင်ရွက်ခြင်းများကိုလည်း ရင်ဆိုင်နေရသည်ဟုဆိုသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular