Western News
Homeနိုင်ငံရေးအလုပ်သမားအချက်အလက် ကောက်ယူနေသည့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့် အရေးယူရေး တောင်းဆို

အလုပ်သမားအချက်အလက် ကောက်ယူနေသည့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့် အရေးယူရေး တောင်းဆို

အာဏာသိမ်း စစ်ကောင်စီသည် အလုပ်သမား သတင်းအချက်အလက်များကို ကောက်ယူနေသည့်အတွက် ပြည်တွင်း ပြည်ပမှ အထည်ချုပ်အလုပ်သမားများက မြန်မာစစ်တပ် (စစ်ကောင်စီ) ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ပုဒ်မ ၃၃ အရ အရေးယူပေးရန် တောင်းဆိုနေကြသည်။

လက်ရှိ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းခွင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ဖြင့် ခြိမ်းခြောက် ဖိနှိပ်ခံရခြင်းနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း အလုပ်သမားများ၏ သတင်းအချက်အလက်များကို ကောက်ခံနေသည်။

အလုပ်သမားများအား အဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ အခြေခံ အထည်ချုပ် အလုပ်သမားများနှင့် ပြည်သူများအပေါ်တွင် အကြောက်တရားဖြင့် ဖိနိုပ်အုပ်ချုပ်နေသည့် အာဏာရှင်စစ်တပ်ကို ILO က ပုဒ်မ (၃၃) အရ အရေးယူပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။

ထိုအစည်းအဝေးတွင် စစ်အုပ်စု (မြန်မာစစ်တပ်/စစ်ကောင်စီ) ကို ILO ပုဒ်မ ၃၃ အရ အရေးယူပေးနိုင်ရေးအတွက် တွန်းအားပေးတောင်းဆိုခြင်းများ ပြည်တွင်းရှိ အထည်ချုပ်အလုပ်သမားများက ဆောင်ရွက်ကြမည်ဟု သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular