Western News
Homeသတင်းလားရှိုးမြို့ လျှပ်စစ်ရရှိရေး MNDAA ကြိုးပမ်းနေ

လားရှိုးမြို့ လျှပ်စစ်ရရှိရေး MNDAA ကြိုးပမ်းနေ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ ရှမ်းမြောက်ဒေသက လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် မြို့ပြန်လည်ထူထောင်ရေးကို ကိုးကန့်တပ် MNDAA က တည်ဆောက်နေပြီး ယခု လျှပ်စစ်မီးရရှိရေး ကြိုးစားနေသည်ဟု သိရသည်။

MNDAA ၏ အထူးဒေသ (၁) အုပ်ချုပ်မှုကော်မတီမှ အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီများဖြင့် ချိတ်ဆက်ဆောင်ရွက်ပြီး တိုက်ပွဲအတွင်း ပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင်များနှင့် လျှပ်စစ်ကြိုးများကို ပြင်ဆင်နေသည်ဟု ဆိုသည်။

လားရှိုးမြို့လျှပ်စစ်ရရှိရေး 33KV ပင်မလိုင်းအား ပြုပြင်နေပြီး ဓာတ်တိုင်များအစားထိုးခြင်းနှင့် ဗို့အားမြင့်လိုင်းများ ပြန်လည်သွယ်တန်းနေသည်ဟု MNDAA က ဆိုသည်။

ယခင် စစ်ဒဏ်ကြောင့် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပေးဝေမှုစနစ်သည် လက်ရှိတွင် ပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ရရှိရေးသည် စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေး အတွက် ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခုဖြစ်သည်ဟု သိရသည်။

အထူးဒေသ (၁) ရေနှင့်လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း ၁၀ ဦးကို လားရှိုးဒေသဝန်ထမ်းများဖြင့် ပူးပေါင်းကာ 33KV ပင်မလိုင်းကို ပြုပြင်နေသည်ဟု ဆိုသည်။

အိုမင်းပျက်စီးသွားသော တိုင်များကိုလည်း အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းပေးမည်ဖြစ်ကာ သက်ဆိုင်ရာလုပ်ငန်းများကို ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်မည်ဟု သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားရရှိရေး အပြည့်အဝအာမခံရန်အတွက် ရေအားလျှပ်စစ်ကုမ္ပဏီမှ အနည်အနှစ် စွန့်ထုတ်မှု၊ ရေလမ်းကြောင်း သန့်ရှင်းရေးနှင့် နန်မဲချောင်း အဆင့် ၂ ရေအား လျှပ်စစ်စခန်းအတွက် တာဘိုင်စမ်းသပ်လည်ပတ်ခြင်းစသည့် ပဏာမပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular