Western News
Homeစစ်ရေးစစ်တွေမြို့အနီး လက်နက်ကြီးသံများကြားနေရ

စစ်တွေမြို့အနီး လက်နက်ကြီးသံများကြားနေရ

(သတင်းတို)

ရခိုင်ပြည် စစ်တွေမြို့အနီး ဝါဘိုကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကစပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေပြီး စစ်ကောင်စီ နေဗီများက လက်နက်ကြီး အများအပြား ပစ်ခတ်နေသည်ဟု အသက် ၄၀ အရွယ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” မနေ့ည ၈ နာရီကတည်းက ဖြစ်နေကြတာပါ။ နံနက် ၃ နာရီလောက်မှာ ရပ်သွားကြတယ်။ အခု ဒီနေ့ ညနေ ၄ နာရီစပြီး ပြန်ပစ်ခတ်နေကြတယ်။ ထိုးစစ်တွေကြောင့် ဖြစ်တာမဟုတ်ဘဲ နေဗီတွေက အရမ်းကပ်လာလို့ အပြန်အလှန် ပစ်ခတ်နေကြတာပါ။ ” ဟု ပြောသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေကြကြောင်း လက်နက်ကြီးသံများကြားနေရသည်ဟု အဆိုပါ သတင်းရင်းမြစ်ကဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့ထဲသို့ ကုန်လမ်းမှ မဝင်ရောက်နိုင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းကစ၍ စစ်တွေမြို့ထဲသို့အဝင် ဟိုက်ဝေးလမ်းမပေါ်က အမြင့်ကျွန်းတံတားကို မိုင်းခွဲဖျက်ဆီးထားသည်။

အာရက္ခတပ်တော် AA ကလည်း စစ်တွေမြို့ထဲက စစ်ကောင်စီတပ်ရင်းများ၊ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကို လက်နက်ချခိုင်းထားပြီး မြို့ကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်၊ ဇူလိုင်လကတည်းက စစ်တွေမြို့အနီး ကပ်လျှပ်ရှိသည့် ကျေးရွာ ၁၂ ရွာထက်မနည်းကို ဖယ်ရှားပြီး ကျေးရွာသားများအား ရွှေ့ပြောင်းခိုင်းထားသည်။

ယင်းအပြင် စစ်ကောင်စီသည် စစ်တွေမြို့ရှိ ရေတပ်စခန်းရှိရာ ကမ်းနားလမ်း (ရှုခင်းသာလမ်း) တစ်လျှောက်ကို သံဆူးကြိုးများဖြင့် ကာရံပိတ်ဆို့ထားကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular