Western News
Homeစစ်ရေးမွတ်ဆလင်များ အပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို AA ကယ်ထုတ် စောင့်ရှောက်ထား

မွတ်ဆလင်များ အပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို AA ကယ်ထုတ် စောင့်ရှောက်ထား

ရခိုင်ပြည် မောင်တောမြို့တွင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို အာရက္ခတပ်တော် AA က ကယ်ထုတ်စောင့်ရှောက်ထားကြောင်း သိရသည်။

အဆိုပါ အရပ်သားပြည်သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အကြမ်းဖက် လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သားများဖြစ်သည်ဟု AA က ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အပြစ်မဲ့အရပ်သားပြည်သူများကို တိုက်ပွဲအတွင်း ကယ်ထုတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ဘေးကင်းရာနေရာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို AA က ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့က မောင်တောမြို့နယ် ကံပြင်သာစည် (ရခိုင်) ရွာက အရပ်သား ၂၂ ဦး၊ ဟာဘီ (မူဆလင်) ရွာက အရပ်သား ၁၄၈ ဦးနှင့် လှဖိုးခေါင် ပြည်လည်လက်ခံရေးစခန်းက အရပ်သား ၂၁ ဦးကို ULA/AA တပ်ဖွဲ့ဝင်များက ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ပိတ်မိနေကြသည့် မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူများ ထပ်ပြီးရှိနေသေးကြောင်းလည်း စုံစမ်းသိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AA က ဩဂုတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး စစ်ကောင်စီက မွတ်ဆလင်အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်းခုခံခဲ့သော်လည်း အဆင့်ဆင့်ခံစစ် ကျိုးပေါက်ပြီးနောက် ဩဂုတ်လ ၂၈ ရက်တွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသေးသော မြို့နှင့်ကပ်လျက်ရှိ မြို့စောင့်တပ်ဖြစ်သည့် နခခ ၅ တပ်စခန်းကြီးကို မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA, ARA, RSO တို့ဖြင့် ပူးပေါင်းကာ ရပ်ကွက်အလိုက် အဆင့်ဆင့် ခံစစ်ပြုလုပ်ထားကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular