Western News
Homeကျန်းမာရေးပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ

ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များနှင့် အရပ်သားပြည်သူများမှာ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိ တိုးလာနေကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။

မိုးဦးကာလ ဇွန်လအတွင်း အရေပြားရောဂါဖြစ်ပွားသူ တစ်ဦးစ၊ နှစ်ဦးစ ရှိခဲ့သော်လည်း လက်ရှိတွင် ကလေး၊ လူငယ်၊ လူကြီးစသဖြင့် ရောဂါဖြစ်ပွားနေသူ တိုးလာနေပြီး ကလေးအရေအတွက် ပိုများပြားသည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ကျော်အရွယ် လူငယ်တစ်ဦးကဆိုသည်။

“အရေပြားရောဂါမှာ သက်သာမှုမရှိဘဲ ပိုပြီးပျံ့နှံ့လာတာဟာ စစ်ရှောင်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်ရတာရယ်၊ ထိတွေ့မှုများတာတွေနဲ့ စနစ်တကျ ကုသမှုတွေ မလုပ်နိုင်ကြတာကြောင့် ဖြစ်ပါတယ် ” ဟုလည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ယခု ရောဂါဖြစ်ပွားနေကြသူများမှာ ပုဏ္ဏားကျွန်းမြို့အနီး ရန်ကုန်-စစ်တွေ ဟိုက်ဝေးလမ်းမပေါ်မှာရှိသော ကျေးရွာများတွင် ခိုလှုံနေကြသည့် စစ်ရှောင်များနှင့် လမ်းဘေးဝဲယာမှာ တဲထိုးနေထိုင်သူများဖြစ်ကြပြီး ၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့ထဲက ဒေသခံတွေဖြစ်ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းက ဆိုသည်။

အရေပြားရောဂါအပါအဝင် အခြားသော ဝမ်းပျက်ဝမ်းလျော့ရောဂါများကိုလည်း ပုဏ္ဏားကျွန်းဒေသခံပြည်သူများမှာ ခံစားနေကြရပြီး ဆေးဝယ်ရန် ပိုက်ဆံမရှိခြင်းနှင့် ဆေးဝါးရှားပါးပြီး ဈေးအလွန်ကြီးနေခြင်းကြောင့် ရောဂါဖြစ်ပွားမှုက တစ်ခုပြီးတစ်ခု တိုးလာနေသည်ဟု ပုဏ္ဏားကျွန်းစစ်ရှောင်များက ပြောဆိုကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular