Western News
Homeစစ်ရေးတိုက်ပွဲရပ်ဖို့ TNLA ကို တရုတ်က သတိပေးနေ

တိုက်ပွဲရပ်ဖို့ TNLA ကို တရုတ်က သတိပေးနေ

(တိုက်ပွဲများချက်ချင်းမရပ်ပါက TNLA ကို ဆုံးမမည်ဟု တရုတ်ခြိမ်းခြောက်)

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည် မြောက်ပိုင်းတွင် စစ်အာဏာရှင်တော်လှန်နေသော တအောင်းတပ် TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရေး တရုတ်ပြည် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက ခြိမ်းခြောက်သတိပေးစာတစ်စောင် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်စွဲဖြင့် ပေးပို့ထားကြောင်း သိရသည်။

တရုတ်၏ သတိပေးစာကို တအောင်းတပ် TNLA ပြောခွင့်ရက မီဒီယာအချို့ကို အတည်ပြုထားပြီး Western News ကလည်း ဆက်သွယ်နေဆဲဖြစ်သည်။

တရုတ်၏ သတိပေးစာမှာ တရုတ်-မြန်မာနယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် တိုက်ပွဲရပ်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် TNLA ကို ပြောဆိုထားသည်။
ယင်းအပြင် နယ်စပ်ရှိ မြန်မာပြည်အတွင်း တရုတ်နိုင်ငံသားများ၊ လုပ်ငန်းများနှင့် ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေသည့် စစ်ရေးအပြုအမူများကို ရပ်တန့်ရမည်ဟု သတိပေးစာက ဆိုသည်။

တအောင်းတပ် TNLA အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ခြင်းမရှိပါက ကြောက်ရွံ့ကျိုးနွံ့မှုနှင့် ဆုံးမသွန်သင်နည်းလမ်းများကို အသုံးပြုသွားမည်ဟု တရုတ်က သတိပေးစာတွင် ခြိမ်းခြောက်ပြောဆိုထားသည်။

တအောင်းတပ် TNLA အနေဖြင့် တရုတ်၏ သတိပေးစာအပေါ် လက်ရှိအချိန်အထိ တုန့်ပြန်ထားခြင်းမရှိသေးကြောင်းနှင့် TNLA အဖွဲ့အတွင်း ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

တအောင်းတပ် TNLA အနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ပေးရန်နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီရမည်ဟု သတိပေးစာက ဖော်ပြထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular