Western News
Homeစစ်ရေးချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး

ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး

(ချင်းလူမျိုးဖြစ်၍ ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း AA ပြောခွင့်ရပြော)

စစ်ကောင်စီကို သတင်းပေးသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသော ချင်းမျိုးနွယ်စုဝင် ခူမီး အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်က ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ဖော်ပြထားသည်။

ULA/AA က ပလက်ဝဒေသခံ ချင်းမျိုးနွယ်စုဝင် အရပ်သား ၁၅ ဦးကို ဖမ်းဆီးထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ယင်းအထဲက ခူမီးအမျိုးသား ၅ ဦးကို IKACC/PC နှင့် ULA/AA မှ တာဝန်ရှိသူများ ယခုနှစ် ဩဂုတ်လ ၁၉ ရက်က တွေ့ဆုံညှိနှိုင်းပြီးနောက် ဩဂုတ်လ ၂၇ ရက်နေ့တွင် AA က ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လွတ်လာသူများမှာ ဟားလာဝရွာသား ဦးအောင်သိန်း၊ ရပ်ဒိန်ရွာသား ဦးမိုက်ကယ်၊ အောက်ဘောင်းဝီးရွာသား ဦးကျော်ဝင်း၊ ဦးအောင်နင်းနှင့် ဘောင်းကူးရွာသား ဦးပျော်လှ (ခေါ်) ဦးပြိုလှတို့ ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးမှာ ၃ လနှင့် ၆ လကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ပြီး အသက် ၃၆ နှစ်မှ ၆၆ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း သိရသည်။

ပလက်ဝဒေသခံ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဆိုသည့် IKACC ၏ စွပ်စွဲပြောဆိုချက်ကို အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက Western News ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ယခုလိုတုန့်ပြန်ထားသည်။

“ပလက်ဝမြို့နယ်ထဲမှာ ထိန်းသိမ်းထားတာ ၆ ယောက်တော့ရှိတယ်။ ဒါပေမဲ့ အဲဒီ ၆ ယောက်ကလည်းပဲ ချင်းလူမျိုးမို့လို့ ကျနော်တို့ ထိန်းသိမ်းထားတာတော့ မဟုတ်ဘူး။ သူတို့ တစ်ယောက်ချင်းစီရဲ့ ပြစ်မှုကျူးလွန်မှုအပေါ်မှာ လိုအပ်ချက်အရ ကျနော်တို့ ထိန်းသိမ်းထားတာဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ထိန်းသိမ်းထားတဲ့ ၆ ယောက်လုံးဟာ စစ်တပ်ကိုသတင်းပေးနေတဲ့ သတင်းပေးတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အဖွဲ့အစည်းရဲ့ လုံခြုံရေးအရ ကျနော်တို့က မလွဲမရှောင်သာ ထိန်းသိမ်းထားရတာဖြစ်တယ်” ဟု ဆိုသည်။

ချင်းလူမျိုးများအား အာရက္ခတပ်တော် AA က မကြာခဏ ခေါ်ယူထိန်းသိမ်းမှုများ ပြုလုပ်လျှက်ရှိသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ပြောဆိုထားသည်။

AA ပြောခွင့်ရ ဦးခိုင်သုခက ချင်းလူမျိုး ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် မည်သည့်အချက်အလက်များအပေါ်အခြေခံ၍ ၁၅ ဦးအထိ ဖမ်းဆီးထားခြင်းကို ပြောဆိုခြင်းဟု ပြန်လည်မေးခွန်းထုတ်ထားသည်။

သို့သော်လည်း IKACC က အာရက္ခတပ်တော် AA ထံ ပလက်ဝဒေသခံ အရပ်သားပြည်သူ ခူမီးလူမျိုးကျန်ရှိနေသေး၍ ပြန်လည်စိစစ်ပြီး အမြန်ဆုံးလွှတ်ပေးရန် ဆက်လက်တောင်းဆိုထားကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular