Western News
Homeနိုင်ငံရေးစစ်ကောင်စီနှင့် ပူးပေါင်းသည့် နိုင်ငံရေးပါတီ ၅၁ ခုရှိလာ

စစ်ကောင်စီနှင့် ပူးပေါင်းသည့် နိုင်ငံရေးပါတီ ၅၁ ခုရှိလာ

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့အထိ စစ်ကောင်စီက ခွင့်ပြုထားခြင်းနှင့် မြန်မာ့နိုင်ငံရေးအား စစ်ကောင်စီနှင့်အတူပူးပေါင်းနေသော နိုင်ငံရေးပါတီ ၅၁ ခုရှိပြီဖြစ်သည်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ စာအရင်းအရ ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၇ ခုရှိသည့်အနက် ၅၁ ခုကို စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။

ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခုနှင့် တည်ထောင်ပြီးမှ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခု စုစုပေါင်း ၁၁ ပါတီကို အာဏာသိမ်း စစ်ကောင်စီက ငြင်းပယ်ခဲ့သည်။

ယင်းငြင်းပယ်မှုထဲတွင် ရခိုင်က အင်အားအကြီးဆုံးပါတီဖြစ်သော ရခိုင်အမျိုးသားပါတီ ANP လည်းပါဝင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေးကို အလေးမထားကြောင်း ANP ထိပ်ပိုင်းခေါင်းဆောင်အချို့က ဝေဖန်ထောက်ပြထားကြသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့နှင့် ထိပ်တိုက်တွေ့ရမည့်ပါတီများ၊ ဆန့်ကျင်တိုက်ခိုက်နိုင်သည့် ပါတီများကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ကာ လမ်းတူလျှောက်နိုင်မည့် နိုင်ငံရေးပါတီများကို ဦးစားပေးရွေးချယ်ပြီးနောက် ပြည်သူလူထု ဆန္ဒမဟုတ်သော ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီး ပြုလုပ်ရန် ပြင်ဆင်နေသည်။

ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာစစ်တပ်သည် လက်နက်အားကိုးဖြင့် အတင်းအဓမ္မအာဏာသိမ်းယူကာ စစ်ကောင်စီဖွဲ့စည်းပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာပြည်သူများနှင့် NLD အသိုင်းအဝိုင်းများအပါအဝင် တော်လှန်ရေး လက်နက်ကိုင်အင်အားစုများက မြန်မာစစ်တပ်၏ အာဏာသိမ်းခြင်းကို လက်မခံကြသလို ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ထားကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular