Western News
Homeကျန်းမာရေးမြန်မာအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတုလုပ်ပေးသူ ၁၃ ဦးအား မလေးရှားဖမ်းဆီး

မြန်မာအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတုလုပ်ပေးသူ ၁၃ ဦးအား မလေးရှားဖမ်းဆီး

မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတု လုပ်ပေးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနှင့် မလေးရှားနိုင်ငံသား ၁ စုစုပေါင်း ၁၃ ဦးပါ မှောင်ခိုအဖွဲ့ကို မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မှောင်ခိုအဖွဲ့များနှင့် မှောင်ခိုလုပ်သူများအား ဖမ်းဆီးရန် နှစ်ပတ်ကြာ အထူးစစ်ဆင်ရေးပြုလုပ်ပြီးနောက် ပါ့စ်ပို့အတုလုပ်ပေးသည့်အဖွဲ့ကို ဩဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကွာလာလမ်ပူမြို့ အနည်းဆုံး ၄ နေရာဖြစ်သည့် ဘန်ဒါမန်ဂျာရာ၊ ဂျာလန်မီဒန်တွမ်ကူ၊ ဂျာလန်တိုင်နမ်နှင့် ဂျာလန်ချရက်စ်တို့တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၃ ဦးပါ မှောင်ခိုအဖွဲ့က မြန်မာ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ နီပေါနှင့် မလေးရှား စသည့် နိုင်ငံများ၏ ပါ့စ်ပို့အတုကို လုပ်ပေးကြောင်း ဆိုသည်။

၎င်းတို့ကို ဖမ်းဆီးရမိချိန်တွင် ပါ့စ်ပို့အတုပေါင်း ၅၃၀ ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါအဖွဲ့ လည်ပတ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

မြန်မာပါ့စ်ပို့အတု ၉ ခု၊ ဘင်္ဂလားဒေ့ရှ်ပါ့စ်ပို့အတု ၄၁၄ ခု၊ အိန္ဒိယပါ့စ်ပို့အတု ၅၇ ခု၊ အင်ဒိုနီးရှား ပါ့စ်ပို့အတု ၃၆ ခု၊ ပါကစ္စတန်ပါ့စ်ပို့အတု ၇ ခု၊ ဖိလစ်ပိုင်ပါ့စ်ပို့အတု ၁ ခု၊ နီပေါပါ့စ်ပို့အတု ၁ ခုနှင့် မလေးရှားပါ့စ်ပို့အတု ၁ တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular