Western News
Homeစီးပွားရေးလှိုင်သာယာ စက်မှုဇုံထဲက အလုပ်သမား ၈၀,၀၀၀ ၏ ကိုယ်ရေး အချက်အလက်များကို စစ်ကောင်စီ ကောက်ယူနေဟု NUG ပြော

လှိုင်သာယာ စက်မှုဇုံထဲက အလုပ်သမား ၈၀,၀၀၀ ၏ ကိုယ်ရေး အချက်အလက်များကို စစ်ကောင်စီ ကောက်ယူနေဟု NUG ပြော

ရန်ကုန်တိုင်းဒေသ လှိုင်သာယာ စက်မှုဇုံထဲက စက်ရုံအလုပ်သမား ၈ သောင်း (၈၀,၀၀၀) ၏ ကိုယ်ရေးအချက်အလက်များကို အာဏာသိမ်း စစ်ကောင်စီက ကောက်ယူနေသည့်အတွက် ပြည်သူများမှာ နေ့စဉ် ထိတ်ထိတ်လန့်လန့် နေနေရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်သည့် NUG အစိုးရအဖွဲ့အတွင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုံထဲက စက်ရုံအလုပ်သမား (၈၀၀၀၀) ကျော်ရဲ့ ကိုယ်ရေး အချက်အလက်တွေကိုလည်း စစ်အုပ်စုဟာ ကောက်ယူနေတယ်ဆိုလို့ ပြည်သူတွေလည်း နေ့စဥ် ထိတ်ထိတ်လန့်လန့် နေနေရတာမျိုးလည်း ကြားသိရပါတယ်။ ပိုဆိုးတာက အခုဆိုရင် ပြည်သူ့ လုံခြုံရေးအဖွဲ့အတွက်ဆိုပြီး ရပ်ကွက်အလိုက် စာရင်းတွေ လည်းကောက်နေပြီ ကြားရတာမို့ ပြည်သူတွေအနေနဲ့ အတော်လေး စိတ်လုံခြုံမှုကင်းမဲ့ နေမယ်လို့ ထင်ပါတယ်။” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် အဓမ္မစစ်မှုထမ်းကိစ္စ အကောင်အထည် ဖော်ပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွားစွာနှင့် ပြည်သူကို အနိုင်ကျင့်ပြုမူနေကြပြီး လူငယ်များကို နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းအပြင် ခရီးသွားလာခွင့်များကိုပါ ကန့်သတ်ပြီး နိုင်ငံခြားထွက်ခွင့်ကိုလည်း ပိတ်ပင်ကာ နည်းမျိုးစုံသုံး၍ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

တိုင်းပြည် ယင်းကဲ့သို့ အခက်အခဲဖြစ်နေချိန် ပြည်သူများ အတိဒုက္ခရောက်စေရန် ပြည်သူအချင်းချင်းစာနာမှုမရှိဘဲ လေဆိပ်က Non CDM ရဲဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ ခေတ်ပျက်ချိန် သူဌေးဖြစ်ရန် ကြိုးစားနေသည်မှာ အလွန် စိတ်ပျက်မိကြောင်းလည်း ပြောသည်။

“ဒါကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခေတ် ဟောင်းစနစ်ဟောင်းနဲ့အတူ မကောင်းတဲ့ အကျင့်ပျက် ခြစားမှုတွေကိုပါ တစ်ခါတည်း တိုက်ထုတ်ပြစ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းနှင့် လက်နက်အားကိုးပြီး ပြည်သူကို နိုင့်ထက်စီးနင်း လုပ်နေသူများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း NUG က တာဝန်ရှိသူများကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားပြောဆိုထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular