Western News
Homeစီးပွားရေးရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ တပြည်နယ်လုံးအတိုင်းတာဖြင့် ဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်း ရခိုင်တောင်သူလယ်သမားများသမဂ္ဂက ပြောသည်။

ယခု ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများ စျေးအဆမတန်မြင့်တက်ခြင်းနှင့် တိုက်ပွဲများကြောင့် ရခိုင်လယ်သမားအများစုမှာ လယ်ယာမြေများအား လျော့ချထွန်ယက်ခဲ့ကြသည်။

ထိုကဲ့သို့ လျော့ချလုပ်ကိုင်မှုူကြောင့် လယ်သမားများမှာ နစ်နာရသလို ပြည်သူများမှာလည်း စားနပ်ရိက္ခာဖုံလုံမှုအတွက် စိန်ခေါ်မှုရှိလာနိုင်သည်ဟု ရခိုင်တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။

“ဒီနှစ် လယ်ယာမြေဧက ၆ သိန်းသာ စိုက်ပျိုးနိုင်ပါတယ်။ တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ပေါ့လေ။ စိုက်ပျိုးဧက လျော့ပါးတာကြောင့်တော့ လယ်သမားတွေမှာရော၊ ပြည်သူတွေမှာရော အဓိက စိန်ခေါ်မှုတွေရှိလာနိုင်တယ်။ နောက်နှစ်တွေမှာ စားနပ်ရိက္ခာဖုံလုံဖို့ပါ။” ဟု ပြောသည်။

လက်ရှိ စိုက်ပျိုးထားသည့် လယ်ယာမြေဧကများမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုကြောင့် အပျက်အစီးများပြားခဲ့ပြီး ဧကအနေဖြင့် ၅ သောင်းမှ ၈ သောင်းကြားပျက်စီးခဲ့ကြောင်း ရခိုင်တောင်သူလယ်သမားများသမဂ္ဂ အချက်အလက်အရ သိရသည်။

ဓါတ်မြေဩဇာ ဈေးကြီး၍ စပါးစိုက်ခင်များအား မြေဩဇာမကျွေးနိုင်သည့်အတွက် စပါးအထွက်နှုန်းကို စိုးရိမ်နေသည်ဟု ကျောက်တော်မြို့နယ်ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

” ဓါတ်မြေဩဇာ ဈေးကြီးတော့ စပါးစိုက်ခင်းတွေကို မြေဩဇာ မကျွေးနိုင်ဘူး။ ဧက အများစုကိုတော့ ဈေးကြီးပေးပြီး ဓါတ်မြေဩဇာ ပေးထားတယ်။ ဒါပေမယ့် စပါးအထွက်နှုန်း မကောင်းဘူးဆိုရင် ကျနော်တို့အတွက် တော်တော်လေး စိုးရိမ်ရပါတယ်။ နောက်နှစ် နလန်ထူဖို့ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ စပါးထွက်လာရင် စပါးဈေးက ကောင်းနေအုံးမှ စပါးထွက်နှုန်းလည်းမကောင်း၊ စပါးဈေးကလည်း မကောင်းဘူးဆိုရင် ကျနော်တို့ တောင်သူတွေ ငါးပါးမှောက်ပါပြီ။ ” ဟု ပြောသည်။

ရခိုင်တွင် တပြည်နယ်လုံးအတိုင်းတာအနေဖြင့် မိုးစပါးစိုက်ပျိုးဧကမှာ ၁၁ သိန်းခန့်ရှိပြီး တိုက်ပွဲမဖြစ်မီကာလက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပြီးနောက် စိုက်ပျိုးဧကများမှာ နှစ်စဉ်လျော့ကျခဲ့သည်။

ရခိုင်မှာ ၂၀၁၈ ခုနှစ်ကစ၍ တိုက်ပွဲများကြောင့် စပါးစိုက်ပျိုးဧက လျော့ကျခဲ့သော်လည်း ၂၀၂၃ ခုနှစ်အထိ စိုက်ပျိုးဧက ၈ သိန်းခန့် အနည်းဆုံးစိုက်ပျိုးနိုင်ခဲ့ရာမှ လက်ရှိ ၂၀၂၄ ခုနှစ်တွင် ဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်။

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular