Western News
Homeစစ်ရေးစစ်ကောင်စီက ဂျီနီဗာကွန်ဗင်းရှင်းနှင့်ညီဟု မင်းအောင်လှိုင်က ICRC ကို ဗြောင်လိမ်

စစ်ကောင်စီက ဂျီနီဗာကွန်ဗင်းရှင်းနှင့်ညီဟု မင်းအောင်လှိုင်က ICRC ကို ဗြောင်လိမ်

(ရခိုင်မှာ နှစ်ရက်အတွင်း စစ်ကောင်စီ ဗုံးကြဲ၍ လူ ၈၀ ခန့်သေဆုံး)

အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေကြောင်း ICRC ဥက္ကဌ ကို ဗြောင်လိမ်နေသည်။

ICRC ဥက္ကဌ Ms.Mirijana Spoiljarc Egger နှင့် စစ်ကောင်စီ (မြန်မာစစ်တပ်) ခေါင်းဆောင် မင်းအောင်လှိုင်တို့ ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ယင်းကဲ့သို့ ဗြောင်လိမ်ခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာစစ်တပ်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် မသက်ဆိုင်သူများထံသို့ မရောက်ရှိစေရေး စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်က စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ရခိုင်ပြည်မှာ စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက် နှစ်ရက်အတွင်း လူပေါင်း ၈၀ ခန့် သေဆုံးသွားခဲ့ရသည်။

သေဆုံးသူများထဲတွင် AA ၏ စစ်သုံ့ပန်းများပါဝင်သလို အပြစ်မဲ့အရပ်သားများဖြစ်သော အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပါဝင်ခဲ့သည်။

ICRC, UN, အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများပါအဝင် နိုင်ငံအချို့သည် အာဏာသိမ်း စစ်ကောင်စီကို အစိုးရသဖွယ်၊ မြန်မာနိုင်ငံ၏ လက်ရှိ အုပ်ချုပ်သူသဖွယ် ဆက်ဆံနေကြ၍ တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံဆက်သွယ်ခြင်းများ မပြုလုပ်ရန် တောင်းဆိုထားကြသည်။

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular