Western News
Homeစစ်ရေးစစ်ကောင်စီ နေ့စဉ်ကျူးလွန်နေသော စစ်ဇရာဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပေးပို့မည်ဟု ညီနောင်မဟာမိတ်ပြော

စစ်ကောင်စီ နေ့စဉ်ကျူးလွန်နေသော စစ်ဇရာဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပေးပို့မည်ဟု ညီနောင်မဟာမိတ်ပြော

အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကို မှတ်တမ်းတင်ထားကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောသည်။

ထိုမှတ်တမ်းများကို အိမ်နီးနားချင်းနိုင်ငံများနှင့် အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်နိုင်ငံအနှံ့အပြား၌ လှည့်ပတ်၍ စစ်ရှုံးနေသော စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ အစရှိသော စစ်တိုင်းဌာနချုပ်များ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းများ အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသော မြို့၊ ရွာ အမြောက်အမြားတို့ကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးလျက် ရှိနေသည်။

ထိုကြောင့် ညီနောင်သုံးဖွဲ့ အပါအဝင် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့၊ ရွာများရှိ အပြစ်မဲ့အရပ်သား ပြည်သူလူထုများရှိရာနေရာများ၊ လူနေထူထပ်သော နေရာများနှင့် ၎င်းတို့စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများကို လေကြောင်းမှ နေ့စဉ်ရက်ဆက် နေ့၊ ည မရွေး ဗုံးကြဲ တိုက်ခိုက်မှုများကို အငြိုးကြီးစွာဖြင့် ယခုရက်များအတွင်း ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်များ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထုများ အပါအဝင် ညီနောင် ၃ ဖွဲ့တွင် စစ်သုံ့ပန်းအဖြစ်ရှိနေကြသော တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများပါ သေဆုံး၊ ဒဏ်ရာရရှိမှုများမှာလည်း နေ့တိုင်းနီးပါးရှိနေသည်။

ယင်းကဲ့သို့ စစ်ရှုံးစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဉ်ပုံစံအမျိုးမျိုးဖြင့် လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံးစစ်ကောင်စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများအနေဖြင် ယခုကဲ့သို့သော အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုမျိုး မလုပ်ကြရန်ကိုလည်း တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ထားကြရန်နှင့် မြန်မာတစ်နိုင်ငံလုံးမှ မိဘပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်ရှုံး စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်ကို သတိထားကြရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ က ဆိုသည်။

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular