Western News
Homeစစ်ရေးမောင်တောကို စစ်ကောင်စီ ဗုံးကြဲ၍ AA ဖမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံး

မောင်တောကို စစ်ကောင်စီ ဗုံးကြဲ၍ AA ဖမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံး

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်ကို ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အာရက္ခတပ်တော် AA ထိန်းသိမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးသွားကြောင်း AA က ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်သည်။

စစ်သုံ့ပန်းများနှင့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များအား AA က ခေတ္တထိန်းသိမ်းထားသော မောင်တော လေးမိုင် နခခ – ၂ စခန်းကို ယမန်နေ့ ည ၉ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သေဆုံးသူထဲတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ ARSA ၊ RSO တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းပေး မွတ်ဆလင် လက်နက်ကိုင်များနှင့် စစ်ကောင်စီ လက်ကိုင်တုတ်များ ပါဝင်ကြောင်း AA က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီ လေ့ကျင့်ထားသော သတင်းပေးများ၊ တော်လှန်ရေးအား နှောက်ယှက်၍ ဖမ်းဆီးစစ်နေသူများ၊ ALP နှင့်ဆက်စပ်သူများ အပါအဝင် သသံယအမျိုးမျိုးဖြင့် စစ်ဆေးရန် ဖမ်းဆီးထားသူများပါဝင်ကြောင်း သိရသည်။

သေဆုံးသူ ၅၀ ကျော်မှာ နေရာ၌ သေဆုံးသွားပြီး ပြင်းထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရသူ အများအပြားလည်းရှိနေဆဲဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

ည ၈ နာရီ ၂၀ မိနစ်နှင့် ၂၃ မိနစ်တို့တွင်လည်း မောင်တောမြို့ ၃ မိုင်နှင့် ဝေသာလီကျေးရွာအတွင်းရှိ UN အဆောက်အအုံကို စစ်ကောင်စီက ဂျက်လေယာဉ် (၁) စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

မောင်တော လေးမိုင်က နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို အာရက္ခတပ်တော် AA က စစ်ကောင်စီထံမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

စက်တင်ဘာလ ၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်က AA အကျဉ်းစခန်းတစ်ခုကို အာဏာသိမ်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်း ၇ ဦးနှင့် AA တပ်သားအပါအဝင် ဒေသခံ ၁၀ ဦးသေဆုံးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် AA က ထပ်မံ၍ သတိပေးနေသည်။

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular