Western News
Homeမိုးလေဝသရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်

ရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်

ရခိုင်ပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးကာ လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ နှင့် တစ်သီးပုဂ္ဂလ မိုးလေဝသပညာရှင်များက ခန့်မှန်း ပြောဆိုထားကြသည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မိုးသည်းထန်ပြီး ရေကြီးနိုင်သလို လေပွေလေပြင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာအလယ်ပိုင်းနှင့် အနောက်မြောက်ဘက်မှာ ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းနှင့် လေပြင်းမုန်တိုင်းမှာ ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်သို့ ရောက်သွားနိုင်ကြောင်း စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်ထားသည်။

အဆိုပါ လေပွေလှိုင်းဖြတ်ကျော်သည့်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။

ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြုံရနိုင်ကြောင်း သတိပေးထားသည်။

ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနေများကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်နေသော တစ်သီးပုဂ္ဂလ မိုးလေဝသ ပညာရှင် ဒေါ်စုစုစံ (Su Su San) ကလည်း ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးဒေသတို့တွင် ယနေ့ ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်ကြောင်း သတိပေး ပြောဆိုထားသည်။

မကွေးတိုင်း၊ ဧရာဝတီတိုင်း အနောက်ဘက် ရခိုင်ရိုးမပေါ်မှာ မြစ်ဖျားခံသော ချောင်းများအားလုံး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်သည်ဟု သတိပေးထားသည်။

ရခိုင်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမတောင်တန်းကြီးပေါ်မှ ယနေ့ စက်တင်ဘာ ၁၂ ရက်မှ ၁၃ နှစ်ရက် ဆက်တိုက် မိုးကြီးနိုင်ပြီး ယောချောင်း၊ စလင်းချောင်း၊ နွယ်တမယ်ချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ စပွတ်ချောင်း၊ မင်းတုန်းချောင်းများသည် တောင်ကျရေ အရှိန်အဟုန်ပြင်းမည်ဟု ဆိုသည်။

ချောင်းအနီး မြေနိမ့်နေရာဒေသ နေထိုင်ကြသူများအနေဖြင့် မြေမြင့်ဘေးကင်းလုံခြုံသည့် နေရာများကို ပြောင်းရွှေနေထိုင်ကြရန် မိုးလေဝသပညာရှင် ဒေါ်စုစုစံက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular