Western News
Homeသတင်းအမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်

အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် အသိပေးသည်။ 

အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်နေ၍ ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ၏ နိုဗာ (၁) စစ်ဒေသက ထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်။ 

တိုက်ပွဲများဖြစ်ပွားပါက ပြည်သူများထိခိုက်သွားမည်ကို စိုးရိမ်၍ AA က အမ်း-ပဒါန်းကားလမ်းမကို ရက်အကန့်အသတ်မရှိ အရေးပေါ်ပိတ်သိမ်းလိုက်ရကြောင်း သိရသည်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစ၍ ရခိုင်ပြည်အတွင်း တိုက်ပွဲများမှာ ယနေ့အချိန်အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ကစ၍လည်း အမ်းနှင့် မကွေးတိုင်းအကြားတွင် စစ်ကောင်စီနှင့် AA တို့သည် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း AA က ဆိုသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များထံ စစ်ရှုံးနေသည့်အပြင် သံတမန်ရေးရာတွင်လည်း ဆက်တိုက်ရှုံးနိမ့်နေ၍ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ကာ ပြည်သူကိုဦးတည်တိုက်ခိုက်မှုများ ကျူးလွန်နေသည်ဟု AA ၏ နိုဗာ (၁) စစ်ဒေသက ပြောသည်။ 

အခြားတစ်ဖက်တွင်လည်း ပြည်သူလူထုအား စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးခြင်းကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။ 

ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်များ ကျန်ရှိနေသည့် အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်မြို့တို့ကို ဝိုင်းပတ် ပိတ်ဆို့ထားကြောင်း သိရသည်။ 

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular