Western News
Homeစစ်ရေးတောင်ကုတ်မှာ မပေါက်ကွဲသည့် ဗုံးသီး ၂ လုံးအား ဖယ်ရှားရန်လိုအပ်နေ

တောင်ကုတ်မှာ မပေါက်ကွဲသည့် ဗုံးသီး ၂ လုံးအား ဖယ်ရှားရန်လိုအပ်နေ

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကံဆိပ်တောင်ကျေးရွာတွင် ကျေးရွာအတွင်းရှိနေသည့် မပေါက်ကွဲသေးသည့် ဗုံးသီး ၂ လုံးအားဖယ်ရှားနိုင်မှုမရှိဘဲရှိနေကြောင်း ကျေးရွာသားများကပြောသည်။

အဆိုပါ ဗုံးသီး ၂ လုံးမှာ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ရှိခဲ့သည့် ဗုံးသီးများဖြစ်သည်။

အဆိုပါဗုံးသီး ၂ လုံးမှာ ရွာ၏ အရှေ့အနောက်ဖက်တို့တွင် တစ်နေရာစီရှိနေပြီး ဖယ်ရှားမည့်သူလည်းမရှိ၍ အဆိုပါနေရာအတိုင်းသာရှိနေရသည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။

“အဲ့ဒါကို နည်းနည်းခပ်လှမ်းလှမ်းလောက်ကနေခြံခတ်ထားကြတယ်။ ဘယ်သူမှမထိရဲတော့ ဒီအတိုင်းအဆင်ပြေမယ်လို့ထင်သလိုလုပ်ထားကြရတာပဲ။ နေရာကတော့ ဘုန်းတော်ကြီးကျောင်းဖက်မှာ ၁ လုံးနောက် ရွာအနောက်ဖက်မှာ ၁ လုံးရှိနေတယ်။ ရွာသားတွေကတော့ စိုးရိမ်နေကြတာပေါ့။ မတော်လို့ပေါက်ကွဲလာရင်သေနိုင်တဲ့အရာတွေပဲလေ” ဟုပြောသည်။

ကံဆိပ်တောင်ကျေးရွာမှာ စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ပစ်ခတ်ခံရစဉ်က ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးမှုရှိခဲ့ပြီး အများအပြားလည်းဒဏ်ရာရမှုရှိခဲ့သည်။

ရခိုင်တွင် စစ်ကျန်လက်နက်၊ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးသီးများကို မြို့ရွာအလိုက် မကြာခဏတွေ့ရတတ်ကြပြီး အဆိုပါအရာများပေါက်ကွဲမှုကြောင့်လည်း နှစ်စဉ်သေဆုံးဒဏ်ရာရသူအများအပြားရှိနေဆဲဖြစ်ကာ ထိုအထဲတွင် ကလေးငယ််များအများဆုံးပါဝင်ကြောင်းတွေရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular