Western News
Homeစစ်ရေးရှမ်းမြောက် တကျော့ပြန်စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီ ပစ်ခတ်၍ အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ

ရှမ်းမြောက် တကျော့ပြန်စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီ ပစ်ခတ်၍ အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ

(ဟိုင်ဂင်သဘောတူညီချက်ကို အားလုံး လေးစားရန် TNLA မျှော်လင့်)

ရှမ်းပြည် မြောက်ပိုင်းနှင့် မန္တလေးတိုင်းမှာ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်တိုက်ခိုက်၍ အရပ်သားပြည်သူ ၂၅ ဦးသေဆုံးပြီး ၃၇ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တအောင်တပ် TNLA က ပြောဆိုထားသည်။

ရှမ်းမြောက် တအောင်းလူမျိုးတပ် TNLA ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လထုတ် စာစောင် အယ်ဒီတာ့အာဘော်တွင် ပြောဆိုထားသည်။

ရှမ်းပြည် သီပေါမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မိုးမိတ်မြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ပေါင် ၅၀၀ ဗုံး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုအပြင် စစ်ကောင်စီတပ်များသည် ယင်းမြို့နယ်များက အရပ်သားနေအိမ် ၄၀ ကျော်ကို မီးလောင်ဖျက်ဆီးခဲ့ပြီး အများပြည်သူအသုံးပြုသည့် လမ်းတံတား ၆ စင်းလည်း မိုင်းခွဲပျက်စီးခဲ့သည်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကို ဇွန်လ ၂၅ ရက်နေ့တွင် တအောင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA ၊ ရခိုင်တပ် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့တွင် စစ်ကောင်စီကို တိုက်ထုတ် စတင်ခဲ့သည်။

စစ်ကောင်စီသည် ယခု စစ်ဆင်ရေးကာလအတွင်း အရပ်သားပြည်သူလူထုအား ဦးတည်တိုက်ခိုက်နေခြင်းကြောင့် အရပ်သားများ အသက်ဆုံးရှုံးခဲ့ရသည်ဟု TNLA က ပြောသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် မိမိနေထိုင်ရာအိမ်တွင် ဗုံးခိုကျင်းတည်ဆောက်ခြင်း၊ ဘေးကင်းလုံခြုံသည့်နေရာတွင် နေထိုင်ခြင်း၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ရနှင့် စစ်ရေးသတိရှိရန် အထူးတိုက်တွန်းသည်ဟု TNLA က စာစောင်တွင် သတိပေးထားသည်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ရခြင်းမှာ အာဏာသိမ်းစစ်ကောင်စီက တရုတ်နှင့် နိုင်ငံတကာသံတမန်များရှေ့တွင် လက်မှတ်ရေးထိုးထားသော ဟိုင်ဂင်သဘောတူညီချက်ကို ဖောက်ဖျက်ကျူးလွန်မှုများကြောင့် ပေါ်ပေါက်လာရသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

TNLA အထွေထွေအတွင်းရေးမှုး ဗိုလ်ချုပ်တားဘုန်းကျော်က “ကိုယ်ထိုးထားတဲ့ လက်မှတ် ကိုယ်ပေးထားတဲ့ ကတိတွေကို မလိုက်နာနိုင်ဘူးဆိုတဲ့ဟာက ဒါတော်တော်မကောင်းတဲ့ ကိစ္စဖြစ်တယ်။ ဟိုင်ဂင်သဘောတူညီချက်အတွက် ကျနော်တို့ အများကြီး ပြန်သုံးသပ်ရမယ့်အနေအထား ဖြစ်ပါတယ်။” ဟု ပြောသည်။

ဟိုင်ဂင်သဘောတူညီချက်ကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့်အတွက် ရပ်တည်သွားမည်ဖြစ်ပြီး တရုတ်အစိုးရကလည်း ကြိုးစားနေကြ၍ အားလုံး လေးစားလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ဆိုသည်။

၁၀၂၇ ၏ ပထမ စစ်ဆင်ရေးကတည်းက တိုက်ခိုက်နေသည့် ရခိုင်ပြည်အတွင်းက တိုက်ပွဲများမှာ လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ပြီး ရခိုင်မှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ နေ့စဉ် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular