Western News
Homeစစ်ရေးသံတွဲ၊ ငပလီ ကမ်းခြေရှိ ၅၅ တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းတို့ကို AA သိမ်းပိုက်၊ နှစ်မြို့လုံ သိမ်းပိုက် ရရှိရေး...

သံတွဲ၊ ငပလီ ကမ်းခြေရှိ ၅၅ တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းတို့ကို AA သိမ်းပိုက်၊ နှစ်မြို့လုံ သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်

စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်သော သံတွဲမြို့ ငပလီကမ်းခြေရှိ ခလရ (၅၅) တပ်ရင်းအား အာရက္ခတပ်တော် AA က ဇူလိုင် ၉ ရက်နေ့တွင် သိမ်းပိုက် ရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း ယမန့်နေ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို AA မှထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သံတွဲမြို့နယ်နှင့် မောင်တောမြိုနယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း ၂ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း AA ကထုတ်ပြန်သည်။

ယင်းအထဲမှ သံတွဲမြို့နယ်အတွင်း၌ သံတွဲမြို့၊ ငပလီ ကမ်းခြေတွင် အခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ဇူလိုင်လ ၉ ရက်၊ နံနက် ၁၀ နာရီခန့်က သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသူများနှင့် စစ်ကူလာပေးသော စစ်ကောင်စီတပ်များ သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေမှုကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း AA က ဆိုသည်။

ဇူလိုင်လ ၁၁ရက်၊ နံနက် ၉ နာရီကျော်ခန့်က မောင်တော၊ နခခ (၅) ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းအား သိမ်းပိုက် ရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားရုပ်အလောင်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း AA က ဆိုသည်။

ထို့အပြင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်း ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ ဦးခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်အခြမ်းသို စက်လှေအချို့ဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ မကျည်းချောင်း စခန်းတွင် ရန်သူ၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ (၂၆၃) တပ်ရင်းနှင့် အခြားစစ်စခန်းအချိုမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲဝင်များ၊ နယ်ခြားစောင့်ရဲများပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အာရက္ခတပ်တော် AA ကလည်း မောင်တောမြို့အား ဝိုင်းရံပိတ်ဆိုထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular