Western News
Homeစီးပွားရေးရန်ကုန်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်ပြီဟုဆို

ရန်ကုန်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်ပြီဟုဆို

ရန်ကုန်တိုင်းဒေသအတွင်း ပုဂ္ဂလိကဘဏ်များနှင့် ATM စက်များတွင် ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်ထုတ်ယူနိုင်ပြီဟု ငွေထုတ်ယူသူများထံမှ သိရသည်။

ကျပ်တစ်သောင်းတန်ငွေစက္ကူများဖြင့် ထုတ်ယူနိုင်ပြီး ဧရာဝတီ၊ CB ဘဏ်၊ ကမ္ဘောဇ၊ ရိုးမ၊ အပါအဝင် ပုဂ္ဂလိကဘဏ်များတွင် ပြန်လည်ထုတ်ယူနိုင်ပြီဟု ပြောသည်။

မြောက်ဒဂုံမြို့နယ်တွင် ငွေထုတ်ခဲ့သူတစ်ဦးက “ဧရာ၀တီဘဏ်မှာက Special Account က သိန်း ၁၀၀ အထိ ထုတ်ပေးတယ်။ ATM က တစ်ခါထုတ်ရင် ၁၀ သိန်းရတယ်။ KBZ က Special Account က ၁၀ သိန်းထုတ်ပေးတယ်။ ရိုးမလည်းအတူတူပဲ။ ငွေစက္ကူတွေကတော့ ၁ သောင်းတန် အသစ်စက်စက်တွေ။ နောက်နေ့လည်း တိုးပြီး ထုတ်ပေးမယ်ပြောတယ်။ ပတ်ထုတ်ကြည့်တာ ငွေတော့ ပြန်ထုတ်လို့ရနေပြီ” ဟု ပြောသည်။

ကမာရွတ်မြို့နယ်ရှိ ဧရာ၀တီဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးကလည်း ၎င်းထုတ်ယူလိုသောငွေကျပ် သိန်း ၃၀ ကို ဧရာ၀တီဘဏ်မှ ယနေ့ နံနက်ပိုင်း ထုတ်ယူနိုင်ခဲ့ပြီး ငွေကျပ် တစ်သောင်းတန် ၃ အုပ်ဖြစ်ကြောင်း၊ ငွေစက္ကူများမှာ အသစ်များဖြစ်ပြီး မင်ပင် သေချာမခြောက်သေးဟုဆိုသည်။

“စက္ကူကတော့ ပါးပါးလှလှလေးပဲ။ မင်တွေက စိုနေတုန်းပဲ။ သေချာတောင် မခြောက်သေးတာ ခံစားလို့ရတယ်။ ” ဟု ကမာရွတ်မြို့နယ်မှ ငွေထုတ်ယူခဲ့သူက ဆိုသည်။

အလားတူ နယ်တချို့တွင်လည်း ပုဂ္ဂလိကဘဏ်များက ငွေများ ပြန်လည်ထုတ်ပေးနေပြီး ပုသိမ်မြို့ရှိ KBZ ဘဏ်တွင် Special Account ဆိုလျှင် ငွေကျပ် ၁၀ သိန်း၊ ရိုးမဘဏ်က ငွေကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ပြီး သိန်း ၂၀၀ ကျော်ပါက အထက်သို့ တင်ပြရမည်ဟု ပြောဆိုကြောင်း၊ ကျောက်ပန်းတောင်းရှိပုဂ္ဂလိကဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ထုတ်ပေးကြောင်း၊ ငွေစက္ကူများမှာမူ တစ်သောင်းတန်ငွေစက္ကူအသစ်များဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း CB Bank နှင့် ဧရာ၀တီဘဏ်များက ၎င်းတို့၏ ATM စက်များတွင် ငွေများ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတစ်ဆင့် ကြေညာထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular