Western News
Homeစစ်ရေး■ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ကရင်လေးတံတား မိုင်းခွဲခံရ

■ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ကရင်လေးတံတား မိုင်းခွဲခံရ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း သထုံမြို့နယ် ကရင်လေဆိပ်တံတား မိုင်းခွဲခံရ၍ ပြိုကျပျက်စီးသွားကြောင်း သိရသည်။

ကရင်လေးတံတား ပျက်စီးသွား၍ ခရီးသွားကားများနှင့် ကုန်တင်ကားများ သွားလာ၍မရဘဲ ရာနှင့်ချီ လမ်းပိတ်ဆို့နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ည ၁၀ နာရီခွဲတွင် မိုင်းခွဲခံရ၍ တံတား ပျက်စီးသွားပြီး မည်သူက မိုင်းခွဲဖျက်ဆီးခဲ့သည်ကို အတိအကျ မသိရသေးပေ။

ခရီးသွားပြည်သူတစ်ဦးက ” အခုကားတွေ ပိတ်မိနေတာတော့ အစီး ၁၀၀ လောက်ရှိတယ်။ အဲဒီဘက်က ရှောင်ကွင်းသွားလို့ရတဲ့ လမ်းကြောတော့ မတွေ့သေးဘူး။ နောက်ပြန် လှည့်ရမလား၊ ယာယီတံတား လာထိုးပေးတာ စောင့်ရမလားတော့ မသိသေးဘူး” ဟု ပြောသည်။

ကရင်လေးတံတားသည် မကြာခဏ မိုင်းခွဲခံရသော သထုံမြို့နယ် ရွှေရောင်ပြဓာတ်ဆီအနီးက ကျုံအိတ်တံတားနှင့် နီးကပ်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular