Western News
Homeစစ်ရေးစစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး

စစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး

မြန်မာစစ်တပ်မှ အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စာသင်ကျောင်းနှင့် တက္ကသိုလ်ကျောင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးသွားပြီး ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရသူ ၁၀၆ ဦးရှိကြောင်း သိရသည်။

စာသင်ကျောင်းများ ထိခိုက်ပျက်စီးသွားစေရန် စစ်ကောင်စီက တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း Centre for Information Resilience (CIR) ၏ Myanmar Witness က ထုတ်ပြန်ထားသည်။

Myanmar Witness က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကို စာရင်းပြုစုထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အဓိက ပြုလုပ်ပြီး ပညာရေးအဆောက်အဦးများမှာ မီးလောင်ကျွမ်းသွားရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Myanmar Witness ၏ ပရောဂျက်ဒါရိုက်တာ Matt Lawrence က ” မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အရပ်သားတွေ ထောင်နဲ့ချီ သူတို့ရဲ့ အိုးအိမ်တွေကနေ အပြီးအပိုင်စွန့်ခွာရပြီး ဆိုးရွားတဲ့အကျိုးဆက်တွေ ရှိနေပါတယ်။ တိုက်ခိုက်မှုတွေရဲ့ အဲဒီလိုအကျိုးဆက်တွေကို ကြု့တွေရဲ့ ကျောင်းသူကျောင်းသား မျိုးဆက်များအတွက် သူတို့ရဲ့ ပညာရေး မျှော်လင့်ချက်ကို ဝေးကွာသွားစေပါတယ်။ ” ဟု ပြောသည်။

ပညာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးသွားခြင်းကြောင့် ကလေးငယ်များနှင့် လူငယ်များ၏ ပညာရေးလေ့လာနိုင်ခွင့် ဆုံးရှုံးရသည်ဟု သိရသည်။

တက္ကသိုလ်ကျောင်းသား ရခိုင်လူငယ်တစ်ဦးက ” ရခိုင်မှာ တကျော့ပြန်စစ်ပွဲက အရမ်းပြင်းထန်တော့ အကုန်လုံး ဆုံးရှုံးနစ်နေကြပါတယ်။ ကျနော်တို့ရဲ့ ပညာရေးကို အဓိက ပြောမယ်ဆိုရင် လူငယ်တွေ ပညာသင်ခွင့် လုံးဝ ဆုံးရှုံးသွားတာပေါ့ဗျာ။ AA ထိန်းချုပ်နယ်မြေမှာလည်း ကျောင်းတွေ မဖွင့်သလို စကစရဲ့ ကျောင်းတွေမှာလည်း သွားမတက်ရဲဘူး။ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုက စာသင်ကျောင်းတွေကို အဓိက ပစ်မှတ်ထားနေတော့ ဘယ်သူက ကျောင်းသွားတက်ရဲတော့မှာလဲပေါ့နော်။ ” ဟု ပြောသည်။

Myanmar Witness ၏ ထုတ်ပြန်ချက်အရ ပျက်စီးသွားသော စာသင်ကျောင်း ၁၃၃ ထဲတွင် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ကြောင်းနှင့် ပညာရေးကို အကာအကွယ်ပေးရန် နိုင်ငံတကာဥပဒေက ပြောထားသော်လည်း လက်ရှိ မြေပြင်တွင် အကာအကွယ်မရှိကြောင်း သိရသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular