Western News
Homeဓါတ်ပုံသတင်းစစ်ကောင်စီကို ထောက်ပံ့ခြင်းနှင့် မြန်မာ့အရေး တရုတ်ဝင်စွက်ဖက်ခြင်း ရပ်တန့်ရေး ဗြိတိန်နှင့် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ

စစ်ကောင်စီကို ထောက်ပံ့ခြင်းနှင့် မြန်မာ့အရေး တရုတ်ဝင်စွက်ဖက်ခြင်း ရပ်တန့်ရေး ဗြိတိန်နှင့် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ

“ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ” ဟု ကြွေးကြော်

စစ်ကောင်စီ (မြန်မာစစ်တပ်) ကို တရုတ်နိုင်ငံက ထောက်ခံနေခြင်းနှင့် မြန်မာ့နိုင်ငံရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေခြင်းများကို ရပ်ဆိုင်းရေး ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးနှင့် အမေရိကန်ပြည်ထောင်စုရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တို့တွင် ပြည်ပရောက် မြန်မာများက ဆန္ဒပြ တောင်းဆိုကြသည်။

ဇူလိုင်လ ၃၀ ရက်နေ့ အင်္ဂလန်စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် စစ်ကောင်စီကို မပူးပေါင်းရန်၊ စစ်ကောင်စီထံသို့ စစ်လက်နက်များ ရောင်းချနေမှုများ ချက်ချင်းရပ်တန့်ရန် ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၁၅၀ ဝန်းကျင်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဗြိတိန်နိုင်ငံ တရုတ်သံရုံးရှေ့ဆန္ဒပြပွဲကို ယူကေရောက် မြန်မာနိုင်ငံဖွား တော်လှန်ရေးညီအကို မောင်နှမများက ဦးဆောင်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး တောင်းဆိုကြကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၃၀ ရက်နေ့ အမေရိကန်စံတော်ချိန် ညနေ ၄ နာရီအချိန် အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့တွင်လည်း မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများက မြန်မာ့နွေဦးတော်လှန်ရေးအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနေသော တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွင် “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ”၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်” “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ” “အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်” ဆိုသော စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြသခဲ့ကြကြောင်း၊ ထို့နောက် တရုတ်မစ်ရှင်ရုံးနှင့်တကွ သက်ဆိုင်သည့်ဌာနများအား အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular