Western News
Homeစစ်ရေးကမ္ဘာ့ပဋိပက္ခအဖြစ်ဆုံး အဆင့် ၂ တွင် မြန်မာရပ်တည်၊ လူသေဆုံးမှုအများဆုံး အဆင့် ၃ မှာရှိ

ကမ္ဘာ့ပဋိပက္ခအဖြစ်ဆုံး အဆင့် ၂ တွင် မြန်မာရပ်တည်၊ လူသေဆုံးမှုအများဆုံး အဆင့် ၃ မှာရှိ

ကမ္ဘာတစ်ဝှမ်း ပဋိပက္ခအဖြစ်အများဆုံး အဆင့် ၂ တွင် မြန်မာနိုင်ငံ ရပ်တည်ပြီး ပြည်တွင်းစစ်ကြောင့် လူသေဆုံးမှုအများဆုံး အဆင့် ၃ တွင်ရှိနေကြောင်း ACLED အဖွဲ့က ဩဂုတ်လ ၆ ရက်မှာ ထုတ်ပြန်ထားသည်။

နိုင်ငံတိုင်းက လက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်လေ့လာနေသော ACLED အဖွဲ့၏ ၆ လတစ်ကြိမ် ထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ACLED ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၁ တွင်ရှိခဲ့ပြီး လက်ရှိ အဆင့် ၂ သို့ကျသွားသော်လည်း အခြားနိုင်ငံများအား ဦးဆောင်နေသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် အရပ်သားများ အသက်အန္တရာယ်ဖြစ်စေမှု အဆင့် ၄ မှာရှိနေပြီး နိုင်ငံအနှံ့ ပဋိပက္ခများပျံ့နှံ့မှုအဆင့် ၉ မှာရှိကြောင်း ACLED က ဆိုသည်။

ACLED ၏ တိုင်းတာချက်အရ မြန်မာ့နိုင်ငံဦးရေ၏ ၄၃ ရှိရာခိုင်နှုန်းရှိသော လူဦးရေ ၂၂ သန်း ၈ သိန်းမှာ ပဋိပက္ခများနှင့် ကြုံတွေ့နေရပြီး ရခိုင်ပြည်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပဋိပက္ခ အများဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်အတွင်း နောက်ထပ် ၆ လမှာ ပဋိပက္ခဖြစ်ရပ်များ နောက်ထပ် ၃ ရာခိုင်နှုန်း တိုးလာနိုင်ပြီး တိုက်ပွဲများနှင့် နီးကပ်နေသော မန္တလေးမြို့နယ်တွင်လည်း ပဋိပက္ခဖြစ်ရပ် ၂၃ ရာခိုင်နှုန်းအထိ ထပ်တိုးလာမည်ဟု ACLED က ခန့်မှန်းထားသည်။

ဆက်လက်ပြီး စစ်ကိုင်း၊ ကချင်တွင် ပဋိပက္ခဖြစ်ရပ်များ ၃၇ ရာနှုန်းနှင့် ၂၆ ရာနှုန်းရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားနှုန်း နောက် ၆ လအတွင်း ၈ ရာနှုန်းအထိ ကျဆင်းနိုင်ကြောင်း ACLED ခန့်မှန်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံက တိုက်ပွဲများ၊ လက်နက်အမျိုးမျိုးပေါက်ကွဲမှုများနှင့် အရပ်သားများ သေဆုံးမှုများအပေါ် ဆန်းစစ်ထားပြီး ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပေါက်ကွဲမှု အများဆုံးနှင့် နိုင်ငံရေးအကြမ်းဖက်မှု ဖြစ်ရပ် အများဆုံးဖြစ်ကြောင်း ACLED က ဆိုသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular