Western News
Homeစီးပွားရေးမြန်မာငွေကျပ် ၁ သိန်းကို ဘတ်ဈေး ၅၆၅ ဘတ်ရှိ၊ အမေရိကန် တစ်ဒေါ်လာ ကျပ် ၆၅၀၀ နီးပါးရှိ

မြန်မာငွေကျပ် ၁ သိန်းကို ဘတ်ဈေး ၅၆၅ ဘတ်ရှိ၊ အမေရိကန် တစ်ဒေါ်လာ ကျပ် ၆၅၀၀ နီးပါးရှိ

ထိုင်း-မြန်မာငွေလဲ ဈေးနှုန်း ဘတ် ၆၀၀ အောက်မှာရှိနေပြီး အမေရိကန်တစ်ဒေါ်လာ ၆၅၀၀ နီးပါးအထိ ထိုးတက်သွားကြောင်း ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၅၆၅ ဘတ်လျှင် မြန်မာငွေကျပ် ၁ သိန်းရရှိပြီး မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၅၂၅ ဘတ်သာ ရရှိကြောင်း ငွေလဲလုပ်ကိုင်သူများထံမှ သိရသည်။

ဖော်ပြပါ ငွေလဲဈေးနှုန်းသည် ထိုင်းနိုင်ငံအတွင်း လူသိများသည့် The Hobby Myanmar ၏ နံနက် ၉ နာရီ အဖွင့်ဈေးနှင့် Western News က မဲဆောက်၊ ရနှောင်းဒေသ ငွေလဲလုပ်ကိုင်သူ ၈ ဦး၏ မေးမြန်းထားချက်အရ ဈေးနှုန်းဖြစ်သည်။

သို့သော်လည်း အချို့သော ငွေလဲလုပ်ကိုင်သူများကြားတွင် ဘတ် ၃ ဘတ်ကနေ ၅ ဘတ်အတွင်း အပြောင်းအလဲရှိနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ် ငွေလဲလုပ်ကိုင်သူများက ပြောသည်။

ဆက်လက်ပြီး အမေရိကန်ဒေါ် တစ်ဒေါ်လာလျှင် ကျပ် ၆၄၅၀ ဈေးဖြင့် ယမန်နေ့ညက ပိတ်ခဲ့ပြီး ယနေ့လည်း ယင်းဈေးနှုန်းဖြင့်ဖွင့်ကြောင်း ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီမှာ အမေရိကန်ဒေါ်လာ ပြတ်လပ်နေ၍ စက်သုံးဆီတင်သွင်းသူများ၊ စားအုန်းဆီ တင်သွင်းသူများအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာရောင်းချမပေးနိုင်သဖြင့် ဒေါ်လာလိုအပ်ချက်အလွန်ကြီးမားနေကြောင်း UMFCCI အဖွဲ့ဝင် စီးပွားရေးသမားတချို့က ပြောသည်။

စစ်ကောင်စီသည် ဒေါ်လာရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေပြီး အထူးသဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ ပြန်လည်ပေးပို့ငွေနှင့် ပို့ကုန်ရငွေ နိုင်ငံခြားဒေါ်လာများကို စစ်ကောင်စီက အပြည့်အ၀ရရှိရေး နည်းလမ်းရှာလျက်ရှိသည်။

လစဉ် စက်သုံးဆီ၊ စားအုန်းဆီအပါအဝင် သွင်းကုန်များတင်သွင်းရန် စစ်ကောင်စီ၏ အမေရိကန်ဒေါ်လာ လိုအပ်ချက်မှာ ​ဒေါ်လာ သန်း ၃၀၀ နီးပါးရှိကြောင်း ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI သတင်းရင်းမြစ်က ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular