Western News
Homeစစ်ရေးMNDAA, TNLA နှင့် AA ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟု ကြေညာခြင်းမှာ တရားမဝင်ဟု NUG ထုတ်ပြန်

MNDAA, TNLA နှင့် AA ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟု ကြေညာခြင်းမှာ တရားမဝင်ဟု NUG ထုတ်ပြန်

မြန်မာပြည်သူများက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်/စစ်အုပ်စု) က တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ကို အကြမ်းဖက်ဖွဲ့များဖြစ်သည်ဟု စက်တင်ဘာလ ၂ ရက်နေ့က ကြေညာခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်မှာ တရားမဝင်ကြောင်းနှင့် MNDAA, TNLA နှင့် AA တို့ လက်နက်ကိုင်အဖွဲ့အစည်းများမှာ အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်အသိပေးခဲ့သည်။

“မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသည့် ယင်းအဖွဲ့၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄) တို့သည် တရားမဝင်ကြောင်း ကြေညာလိုက်သည်။” ဟု NUG က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ ရွေးကောက်ခံအရပ်သားအစိုးရအား အဓမ္မအာဏာသိမ်းရန် ကြိုးစားမှုကျူးလွန်ခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု NUG က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် အာဏာရှင်စနစ် ပြန်လည်အသက်သွင်းရန် ကြိုးစားအားထုတ်ရာတွင် နိုင်ငံတော်ယန္တရားများကို အသုံးချ၍ ပြည်သူလူထုကို အကြမ်းဖက်မှု၊ ကြောက်ရွံ့ထိတ်လန့်စေမှု စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်မှုနှင့် အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိနေသည်ဟု NUG က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသည့် “အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသော ယင်းအဖွဲ့သည် အကြမ်းဖက်အုပ်စု ဖြစ်သည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိသည်ဟု ဆိုသည်။

ထိုကြောင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် “ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့”ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း NUG က ထုတ်ပြန်ထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular