Western News
Homeစစ်ရေးလူထုတော်လှန်ရေးတပ် PRA မှာ အပတ်စဉ် ၆ စစ်သင်တန်းဆင်း

လူထုတော်လှန်ရေးတပ် PRA မှာ အပတ်စဉ် ၆ စစ်သင်တန်းဆင်း

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်ဖွဲ့က အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

အခမ်းအနားတွင် စစ်ကြောင်းလိုက်ချီတက်အလေးပြုခြင်း၊ ဂုဏ်ပြုမိန့်ခွန်းဖတ်ကြားခြင်းနှင့် ထူးချွန်စစ်သည်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်များပါဝင်ခဲ့သည်။

ယခု အပတ်စဉ် (၆) သင်တန်းသည် ရာသီဥတုဆိုးဝါးခြင်း၊ ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း စသည့် အခက်အခဲများဖြင့် စီစဉ်ခဲ့ရသည့် သင်တန်းလည်းဖြစ်သည်ဟု PRA က ဆိုသည်။

သင်တန်းဆင်းရဲဘော်များသည် မကြာမီအချိန်အတွင်း PRA-Magway ၏ ဌာနအသီးသီးတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြမည်ဖြစ်ပြီး PRA-Magway သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ကို အစဉ်ဦးထိပ်ထားလျှက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular