Western News
Homeမိုးလေဝသကရင်နီ ဆေးတပ်သား ၁၈ ဦး ရေနစ်သေဆုံးမှု KNDF စစ်ဆေးမည်

ကရင်နီ ဆေးတပ်သား ၁၈ ဦး ရေနစ်သေဆုံးမှု KNDF စစ်ဆေးမည်

ကရင်နီဒေသ (ကယား) မှာ ရေကြီးရေလျှံမှုအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆေးတပ်သား ၁၈ ဦး ရေနစ်သေဆုံးသွား၍ ဖြစ်စဉ်အား ပြန်လည်စစ်ဆေးသွားမည်ဟု ယနေ့ စက်တင်ဘလ ၁၃ ရက်တွင် KNDF က ထုတ်ပြန်သည်။

KNDF ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်း မစ်ရှင်လေ့ကျင့်နေစဉ် ချောင်းတစ်ခုကို ဖြတ်ကျော်ကြိုးစားအားထုတ်ရာ မတော်တဆဖြစ်ပွား၍ ဆေးတပ်သား ၁၈ ဦး စက်တင်ဘာလ ၁၁ ရက်နေ့က ရေထဲမျောပါ သေဆုံးသွားသည်ဟု သိရသည်။

ဆေးသင်တန်းသည် KNDF နှင့် တပ်ပေါင်းစုံတို့၏ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ကြသည်။

ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန် ရည်မှန်းထားခဲ့ကြောင်းနှင့် မတော်တဆဖြစ်ပြီး ဆေးသင်တန်းသား ၁၈ ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရကြောင်း ဆိုသည်။

ယခု မတော်တဆဖြစ်စဉ်ကို KNDF ဗဟိုအနေဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူများသို့ အသိပေး ထုတ်ပြန်ကြေညာထားသည်။

KNDF နှင့် တပ်ပေါင်းစုံအနေဖြင့် လိုအပ်နေသော လူ့အရင်းအမြစ်များနှင့် တော်လှန်ရေးရည်မှန်းချက်များကို မဆုတ်မနှစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အမှားအနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြမည်ဟု KNDF က ဆိုသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular