Western News
Homeသတင်း၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်

၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်

ဧပြီလ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် ရခိုင်ပြည် ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA မှ ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ 

စစ်ကောင်စီ၏ ၅၆၄ တပ်ရင်းဌာနချုပ်ကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တပ်ရင်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ကြေညာထားသည်။ 

ခမရ ၅၆၄ သည် ဘူးသီးတောင်မြို့၏ အရေးပါသော တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပြီး စကခ (၁၅) လက်အောက်ခံဖြစ်သည်။ 

စစ်ကောင်စီသည် ဘူးသီးတောင်မြို့၏ အရေးပါသော ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို မကျဆုံးစေရေးအတွက် ကြည်း၊ လေတို့ဖြင့် အသည်းအသန် ပူးပေါင်းကာကွယ်ခဲ့သော်လည်း AA က ၅ ရက်အကြာတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ကျော် သေဆုံးသွားပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ဆိုသည်။ 

ရက္ခိုင့်တပ်တော် AA သည် ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ အရေးပါသော ခမရ (၅၅၂) တပ်ရင်းနှင့် တောင်ဘဇာစစ်စခန်းကို မတ်လအတွင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ 

ဆက်လက်ပြီးလည်း ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ပြောသည်။ 

အလားတူ မောင်တောမြို့နယ် ကြိမ်ချောင်းစစ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ 

ရက္ခိုင်ဒေသ၌ အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း AA ပြောသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular