Western News

(ဓါတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားတပ်မတော် PNA/PNO နှင့် နောင်တရားမြို့ ဒေသခံပြည်သူများ ပူးပေါင်းပြီး အမှတ်စဉ် (၁) စစ်သင်တန်းပြုလုပ်ကာ စစ်အင်အား ၁ သောင်းဖြင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း PNA က ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အပါအဝင် နောင်တရားမြို့က ဒေသခံပြည်သူများမှာ အမှတ်စဉ် (၁) စစ်အင်အား တစ်သောင်းဖြင့် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားတပ်မတော် (PNA) စစ်ဦးစီးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များ၊ စန္တာႏခမ်း စစ်ဒေသမှူးများနှင့် ပြည်သူလူထုများတက်ရောက်ခဲ့ကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

2 Comments

  • pJYyOWXV

  • yKRZmGosEIPqW

Comments are closed.

Related Posts

Exit mobile version